ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲပြုလုပ်

 

ရန်ကုန်  မတ်  ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မဲခေါင်သိပ္ပံက Zoom အက်ပလီ ကေးရှင်းဖြင့်    ပြုလုပ်သည့်     “Advancing Sustainable Development  in the Lancang-Mekong     Region    through Global Development Initiative”နှင့်စပ်လျဉ်း သည့် ဆွေးနွေးပွဲကို မတ် ၂၈ ရက်က  အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်သည်။ 
အဆိုပါ ဆွေးနွေးပွဲသို့ မဲခေါင်- လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း  ၅၁ ဦး ပါဝင်တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီး ဌာနမှ ကိုယ်စားလှယ် တစ်ဦး ပါဝင်တက်ရောက်ခဲ့ သည်။  ကမ္ဘာလုံးဆိုင်ရာ   ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှု (Global Development Initiative– GDI) ကို ပိုမိုကောင်းမွန်စွာ နားလည်စေရန် အတွက် အကြံဉာဏ်များ ဖလှယ်ကြရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် GDI နှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Lancang-Mekong Cooperation – LMC) လုပ်ငန်းစီမံချက်များ ပေါင်းစပ်ညှိနှိုင်းခြင်းဆိုင်ရာ မဟာဗျူဟာများ၊   ကြားဝင်စေ့စပ်မှုများနှင့် ချဉ်းကပ်မှုများကို ဖော်ထုတ်လေ့လာကြရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မဲခေါင်သိပ္ပံမှ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူး Mr.Suriyan Vichitlekarn နှင့် UNESCAP ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်  မဲခေါင်သိပ္ပံကြီးကြပ် မှုကော်မတီအဖွဲ့ဝင်ဖြစ်သူ Mr.Ke Yousheng တို့က အမှာစကားပြောကြားပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်းတွင် GDI အကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများ၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု    အကျိုးရလဒ်များကို   အမေး အဖြေ ကဏ္ဍများဖြင့်  အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ဒုတိယပိုင်းတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု      မိတ်ဖက်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရာ မဲခေါင်-လန်ချန်း ဒေသအတွင်း ဆင်းရဲမှုလျှော့ချရေး၊ အစားအစာလုံခြုံရေး၊ ကျန်းမာရေး၊  ကာဗွန် လျှော့ချရေးနှင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး စသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များအပေါ် အမေးအဖြေကဏ္ဍများဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ကိုရိုး