စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်    မတ်    ၃၀


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်     စစ်ကိုင်း တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲများ ကျင်းပခြင်း ဖြင့်    အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် သက်ဆိုင်သည့်  အသိအမြင်များ တိုးပွားလာမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု များ လျော့နည်းကျဆင်းသွားခြင်း ဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံ တော်နှင့် ပြည်သူများ၏ အကျိုး စီးပွားဖြစ်ထွန်းစေမည့်      နေရာ များတွင် မှန်မှန်ကန်ကန်သုံးစွဲနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့်      အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်   ဖြောင့်မတ် တည်ကြည်မှုရှိရန်၊      ပွင့်လင်း မြင်သာစွာဖြင့်   မျှတစွာ   ဆောင် ရွက်ကြရန်      လိုအပ်ကြောင်း၊  အဂတိလိုက်စားမှုသည် နယ်ပယ်  အသီးသီးမှ      ဖွံ့ဖြိုးတိုးတက်မှု များကို အကောင်အထည်ဖော်ရာ တွင်   အဟန့်အတားတစ်ခုဖြစ် သည့်အတွက်      အဂတိကင်းရှင်း သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်း သော  အစိုးရ၊   ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိ ကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများ ဖြင့်သာ     အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ   ဒေါက်တာ ဌေးအောင်က အဂတိ လိုက်စားမှုသည်   ယုံကြည်အပ်နှံ ထားသည့် လုပ်ပိုင်ခွင့်အာဏာကို  အလွဲသုံးစားပြုခြင်းသည် အစိုးရ ဌာနများတွင်သာမက    ပုဂ္ဂလိက လုပ်ငန်းများနှင့်ပါ  သက်ဆိုင်ပြီး  လာဘ်ငွေ အနည်းငယ်ပေးခြင်း/ ယူခြင်းမှသည်     နိုင်ငံတော်၏ ငွေကြေး၊  ပစ္စည်း၊   ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ   ပျက်စီးဆုံးရှုံးစေ ခြင်းအထိ        ပါဝင်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် အကျင့် ဖောက်ပြန်ခြင်း  ဖြစ်သည့်အပြင် တံစိုးလက်ဆောင်   ပေးခြင်း/ယူ ခြင်း၊    လုပ်ပိုင်ခွင့်     အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော် သြဇာသုံးခြင်း၊  ဆရာမွေးတပည့် မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ် ခြင်း၊ အပေါင်းအဖော်ကောင်းစား ရေးအတွက် ဘက်လိုက်ခြင်းနှင့်   ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကျင့်သုံးခြင်းတို့အထိ ပါဝင်ပါ ကြောင်း၊ ပညာပေးလုပ်ငန်းများ ကို   တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်     အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ဖြစ်ပါကြောင်း။

 


အဂတိ    လိုက်စားမှုများကို တိုက်ဖျက်ရာတွင်     အသိပညာ  ပေးခြင်းနည်းလမ်းသည် အခြေခံ ကျသည့်      နည်းလမ်းတစ်ခုဖြစ် သည့်အတွက်      အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင် ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်     ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊    နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အသိပညာ ပေး    ဟောပြောပွဲများမှ     အသိ အမြင်၊    ဗဟုသုတ၊    ဖြောင့်မတ် တည်ကြည်မှု၊      ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ    အကျိုး  ကျေးဇူးများ ရရှိပြီး နိုင်ငံ့တာဝန်ကို  ရိုးသားဖြောင့်မတ်စွာ ထမ်း‌ဆောင် ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်  မှုတွင်   အုတ်တစ်ချပ်  သဲတစ်ပွင့်  အဖြစ် ပါဝင်ဆောင်ရွက်ကြစေလို  ကြောင်း၊    ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သော အုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင် နိုင်ရေးသည် အန္တိမရည်မှန်းချက် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆွေးနွေးပွဲသို့   စစ်ကိုင်းတိုင်း ဒေသကြီး        တရားလွှတ်တော်  တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊   ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြပြီး          အဂတိ လိုက်စားမှု     တိုက်ဖျက်ရေး ကော်မရှင်မှ      တာဝန်ရှိသူများက အဂတိလိုက်စားမှု         တားဆီး ကာကွယ်ရေးဆိုင်ရာ  နည်းပညာ သင်တန်းကို မတ် ၃၁ ရက်တွင်     စစ်ကိုင်းတိုင်းဒေသကြီး အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့  (Corruption  Prevention Unit - CPU) မှ အဖွဲ့ဝင်များအား    Online    စနစ်ဖြင့်    ဆက်လက် ဆွေးနွေး          ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
    

သတင်းစဉ်