၂၀၂၂ -၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော်    မတ်     ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ်   နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏   တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ   တတိယနေ့  အုပ်စုပတ်လည်   ပွဲစဉ်  များကို   ယနေ့နံနက်ပိုင်းတွင်   ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  လေ့ကျင့် ရေးကွင်း ကွင်းအမှတ် (၃) တွင်  အုပ်စု(၂) ကွန်ပျူတာ တက္ကသိုလ်    (အောက်မြန်မာပြည်)   အသင်း(ခ) ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊   မအူပင်၊   ဟင်္သာတ၊ သထုံ)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ် (တောင်ငူ၊  ပြည်၊ ဘားအံ၊ လွိုင်ကော်) တို့ ယှဉ်ပြိုင်ကစားကြရာ ယင်းပွဲစဉ်တွင် အသင်း(ခ)မှ အသင်း(ဂ)ကို သုံးဂိုး-  တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 


မွန်းလွဲပိုင်းတွင်    သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး           ဒေါက်တာမျိုးသိန်းကျော်၊  ဒုတိယဝန်ကြီး   ဒေါက်တာအောင်ဇေယျ၊   အမြဲတမ်း အတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန် ရှိသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  လေ့ကျင့် ရေးကွင်း    အမှတ် (၁) ၌    အုပ်စု (၄)  နည်းပညာ  တက္ကသိုလ်   (အောက်မြန်မာပြည်)    ပွဲစဉ်ဖြစ်သည့် အသင်း(က)  ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်     (မှော်ဘီ၊     တောင်ငူ) နှင့်    အသင်း (ဃ)   ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊  နည်းပညာတက္ကသိုလ်(မအူပင်၊ ထားဝယ်၊ မြိတ်) တို့  ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို        ကြည့်ရှုအားပေးကြ သည်။ ယင်းပွဲစဉ်တွင် အသင်း(က) မှ     အသင်း (ဃ)  ကို  ခြောက်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိ သည်။

 


 ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး၊  ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည်  လေ့ကျင့်ရေးကွင်း ကွင်းအမှတ် ၃ တွင် အုပ်စု (၄) နည်းပညာတက္ကသိုလ်  (အောက်မြန်မာပြည်)    ပွဲစဉ်ဖြစ်သည့်   အသင်း(ခ) ရန်ကုန်နည်းပညာတက္ကသိုလ်၊  နည်းပညာတက္ကသိုလ် (စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ) နှင့် အသင်း(ဂ) နည်းပညာ  တက္ကသိုလ်(သန်လျင်၊ မော်လမြိုင်၊ ဘားအံ)တို့ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို   ကြည့်ရှုအားပေးကာ   ပွဲစဉ်အပြီး တွင်    ဒုတိယဝန်ကြီး   ဒေါက်တာအောင်ဇေယျက  ကျောင်းသား အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။    ယင်းပွဲစဉ်တွင်    အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ   အသင်း(ခ)နှင့်   အသင်း(ဂ) တို့က တစ်ဖက် - တစ်ဂိုးစီဖြင့်  သရေကျခဲ့ကြောင်း  သိရသည်။                   

သတင်းစဉ်