အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် တက်ရောက်

 

နေပြည်တော်   မတ်   ၃၀


အရှေ့တောင်အာရှ    အမျိုးသား လူ့အခွင့်အရေး  အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF)  ၏  ပထမ အကြိမ်   လုပ်ငန်းအဖွဲ့အစည်း အဝေးကို  ဖိုရမ်၏  အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည့်    ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မတ်   ၂၉  ရက်မှ  ၃၀  ရက်အထိ ထိုင်းနိုင်ငံ    ဘန်ကောက်မြို့၌ Hybrid format    ဖြင့်  ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသား  လူ့အခွင့် အရေးကော်မရှင်မှ     ကော်မရှင် ဥက္ကဋ္ဌ   ဦးလှမြင့်၊   ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊   ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ် လွင်စိန်၊  ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေး မှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေး ဌာန      ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက  video confer-encing  System      အသုံးပြု တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲ့ဝင် များဖြစ်သည့်  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံ လူ့အခွင့်အရေးကော်မရှင် များမှ   ကိုယ်စားလှယ်များက In-person       တက်ရောက်ခဲ့ကြ သည်။

 


အစည်းအဝေးတွင်   ၂၀၂၂ ခုနှစ်  နိုဝင်ဘာလက  ကျင်းပခဲ့ သော ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်      အစည်းအဝေး နောက်ပိုင်းကာလအတွင်း  ဖိုရမ် အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏   ဆောင်ရွက် ချက်များနှင့် တိုးတက်အောင်မြင် မှုများ၊       အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး  အဖွဲ့ အစည်းများဖိုရမ်  (SEANF)  ၏ မဟာဗျူဟာစီမံကိန်း     (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ်  အကောင်အထည်ဖော်ခြင်း နှင့်စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည် ဖော်     ဆောင်ရွက်ရန်    အဓိက တာဝန်ယူထားသော  ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများ၏ အကောင်အထည် ဖော်  ဆောင်ရွက်နေမှု၊  SEANF Annual Plan 2023    အတည်ပြု ခြင်း၊     အာဆီယံအစိုးရချင်း ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် SEANF တို့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊   ASEAN Environmental Rights Frame-work ရေးဆွဲနိုင်ရေးကိစ္စ၊ Safety of Journalists  နှင့်  စပ်လျဉ်း၍ Action Plan ရေးဆွဲနိုင်ရေးကိစ္စ၊ သက်ကြီးရွယ်အိုများ အခွင့်အရေး နှင့်   စပ်လျဉ်း၍   နိုင်ငံတကာ သဘောတူစာချုပ် ဖြစ်ပေါ်လာရေး အတွက် Campaign ပြုလုပ်နိုင် ရေးကိစ္စ၊ SEANF  ၏  ဒုတိယ အကြိမ်   လုပ်ငန်းအဖွဲ့အစည်း အဝေးနှင့်  SEANF  ၏  အကြိမ်  (၂၀) မြောက်    နှစ်ပတ်လည်အစည်း အဝေး      ကျင်းပနိုင်ရေးကိစ္စ၊ SEANF နှင့် FORUM-ASIA/ ANNI တို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ ရပ်များ၊ Sabah ရှိ နိုင်ငံမဲ့ဖြစ်နေ သူများ အရေးကိစ္စနှင့်စပ်လျဉ်း၍ မလေးရှား၊      အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့   ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် SEANF နှင့် OHCHR တို့ ပူးပေါင်း ဆောင်ရွက်မည့်   ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

 


လုပ်ငန်းအဖွဲ့အစည်းအဝေး၌ ၂၀၂၂   ခုနှစ်    နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၁၉) ကြိမ် မြောက်   နှစ်ပတ်လည်အစည်း အဝေးနောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံအမျိုးသား   လူ့အခွင့် အရေးကော်မရှင်၏     လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်း သည့်       ဆောင်ရွက်ချက်များ နှင့်    တိုးတက်အောင်မြင်မှုကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန် က  ဆွေးနွေးခဲ့ပြီး   မြန်မာနိုင်ငံ ၏    လက်ရှိအခြေအနေများကို ကော်မရှင်ဥက္ကဋ္ဌ     ဦးလှမြင့်က ဆွေးနွေးသည်။      ထို့နောက် ကော်မရှင်က    ဦးဆောင်အဖွဲ့ အစည်းအဖြစ်   တာဝန်ယူထား သော SEANF  ၏  မဟာဗျူဟာ စီမံကိန်း(၂၀၂၂-၂၀၂၆)ပါ ဦးစားပေး ကိစ္စရပ်  အမှတ်  (၂)  ဖြစ်သည့် “စီးပွားရေး   လုပ်ငန်းများတွင် လူ့အခွင့်အရေး   မြှင့်တင်ရန်နှင့် ကာကွယ်ရန်” ကိစ္စရပ်နှင့်စပ်လျဉ်း ၍        မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး     ကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက ဆွေးနွေးသည်။ 

 


ဖိုရမ်၏      ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့   အစည်းအဝေးကို ၂၀၂၃    ခုနှစ်       ဇူလိုင်လတွင် လည်းကောင်း၊   အကြိမ်  (၂၀) မြောက်     လုပ်ငန်းအဖွဲ့အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး ကို  ၂၀၂၃ ခုနှစ်    နိုဝင်ဘာလတွင် လည်းကောင်း   ကျင်းပသွားရန်  လုပ်ငန်းအဖွဲ့   အစည်းအဝေး၌ ကနဦး     သဘောတူညီမှုရရှိခဲ့ ကြောင်း သိရသည်။   

    
သတင်းစဉ်