သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသစ်ခန့်အပ်ခဲ့သောဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  မတ်   ၃၀


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင်      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  အသစ်ခန့်အပ်ခဲ့သည့် ဒုတိယဦးစီး မှူးနှင့် စာရင်းကိုင်(၂)ဝန်ထမ်းများကို အဆိုပါဦးစီး ဌာန၌ တွေ့ဆုံပြီး အမှာစကားပြောကြားသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အနေဖြင့်   အခြေခံဖြစ်သည့်  စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ရေး၊  စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များ ကျေပွန်အောင် ဆောင်ရွက်တတ် စေရေး ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် တစ်ဦးချင်း တစ်ယောက်ချင်း၏ စွမ်းဆောင်ရည်နှင့် ပညာရပ်ဆိုင် ရာ ဗဟုသုတ အသိပညာတိုးမြင့်စေရေး အစဉ်မပြတ် လေ့လာဆည်းပူးနေရန် လိုအပ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 


မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကို    အထောက်အပံ့ဖြစ်စေရန်အတွက်  သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်၊ ဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်ကြောင်း၊   ဝန်ကြီးဌာန၏   အနာဂတ် မျှော်မှန်းချက်သည် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည့်   သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်း ကျင်နှင့်  ဂေဟစနစ်များကို  လက်ရှိနှင့်   အနာဂတ် နိုင်ငံတော်၊ နိုင်ငံသားများအားလုံးအတွက် အကျိုးရှိ ဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်သွား ရမည်ဖြစ်ကြောင်း။

 


ထိုအနာဂတ်    မျှော်မှန်းချက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက် (၃)ရပ်ဖြစ်သည့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့် ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့သောနည်းလမ်း ဖြင့် နိုင်ငံတော်၏သဘာဝသယံဇာတ အရင်းအမြစ် များကို  ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များကို ဟန်ချက်ညီညီ သဟဇာတရှိရှိဖြစ်စေရန်တို့ကို ချမှတ်၍     ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကို    သိရှိနားလည်ပြီး   နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကို   လေးစားလိုက်နာ၍   စည်းကမ်းပြည့်ဝသည့် ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား   ကင်းရှင်းစွာဖြင့်   တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားသည်။

 


တွေ့ဆုံပွဲသို့     ဒုတိယဝန်ကြီးများ၊   အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများ၊ အသစ်ခန့်အပ်ခဲ့သည့်  ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂) အမှုထမ်း ၁၂၉ ဦးတို့ တက်ရောက်ကြ သည်။                                

သတင်းစဉ်