
နေပြည်တော် မတ် ၃၀
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ် အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီ ကောင်စီဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ ညီလာခံကိုယ်စား လှယ်များ၊ လူငယ်ကိုယ်စားလှယ် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များ၊ ဖက်ဒရေးရှင်းနှင့် မိတ်ဖက် အမျိုးသားကြက်ခြေနီအသင်းများ မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ယနေ့စတင်ကျင်းပသည့် (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံတွင် မြန်မာ နိုင်ငံ ကြက်ခြေနီကောင်စီဝင်များ နှင့် အလုပ်အမှုဆောင်အဖွဲ့အသစ် တို့ကို ရွေးချယ်တင်မြှောက် ဖွဲ့စည်းကြမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကြီးသည် သမိုင်းကြောင်းအစဉ် အလာကြီးမြင့်ပြီး နိုင်ငံတော်၏ အရေးကြီးသော ပုံရိပ်တစ်ခုဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ် များ၊ ဘေးဒုက္ခအန္တရာယ်အမျိုးမျိုး နှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ တိုင်း နိုင်ငံတော်၏ အရန်အင်အား အဖြစ် လူမျိုး၊ ဘာသာ၊ ဆင်းရဲ ချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ မိဘပြည်သူ တစ်ရပ်လုံးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်ခဲ့ သည့် အသင်းကြီးဖြစ်ကြောင်း။
ယနေ့ကျင်းပသည့် ညီလာခံ ကြီးတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကြက်ခြေနီ အဖွဲ့ဝင်များမှ ရွေးချယ်တင် မြှောက်ပေးခဲ့သော ကြက်ခြေနီ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်တော် ကြီးများ၊ ဆက်စပ်သည့်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်တော် ကြီးများ၊ လူမှုအဖွဲ့အစည်းများ မှ ရွေးချယ်တင်မြှောက် သည့် ကိုယ်စားလှယ်တော်ကြီး များ၊ အစိုးရအဖွဲ့မှ အဆိုပြုသော ပုဂ္ဂိုလ်များအားလုံးပါဝင်၍ မြန်မာ နိုင်ငံ ကြက်ခြေနီဗဟိုကောင်စီ အသစ်ကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်မည်ကို သိရှိရကြောင်း။
အလုပ် အမှုဆောင်များကို ရွေးချယ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုး စီးပွားကို ဦးထိပ်ထား၍ တာဝန် သိသိ၊ သစ္စာရှိရှိဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပြောဆို ပူးပေါင်း ဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသူများ၊ လုပ်ငန်း အတွေ့အကြုံ ရင့်ကျက်သည့် ပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုး ကို မျက်ခြည်မပြတ် ထိထိမိမိ အကျိုးရှိစွာ ဆောင်ရွက်နိုင်သူများ၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူများ၊ ကြက်ခြေနီလူမှု ဂရုဏာလုပ်ငန်း အတွေ့အကြုံ ရှိသူများ၊ အများက ယုံကြည် လေးစားရသူများ၊ အသင်းဖွံ့ဖြိုးရေး အတွက် အချိန်ပေးပြီး ဆောင်ရွက် နိုင်သူများဖြစ်ရန် အရေးကြီးသည့် အတွက် စနစ်တကျ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ် ခန့်အပ်တာဝန်ပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံ သက်တမ်း ကာလအတွင်း အသင်း၏ လူမှုဂရုဏာ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို အကျဉ်း ချုပ် ရှင်းလင်းတင်ပြသည်။ ထို့နောက် မှတ်တမ်းဗီဒီယိုကို ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ညီလာခံဒုတိယပိုင်းကို နံနက် ၁၁ နာရီခွဲတွင် ဆက်လက်ကျင်းပ ရာ ညီလာခံသဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က ဆောင်ရွက်ပြီး (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံတွင် (၂၀၂၃-၂၀၂၆) ခုနှစ် ကာလအတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ် ၆၇ ဦးတို့ကို ကြက်ခြေနီ ကောင်စီဝင်များ အဖြစ် အတည်ပြု၍ ယင်းတို့ အနက်မှ ဒေါက်တာမျိုးညွန့် (ဥက္ကဋ္ဌ၊ အချိန်ပြည့်အလုပ်အမှု ဆောင်)၊ ဒေါက်တာတင်တင်လေး (ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့် အလုပ်အမှုဆောင်)တို့ ပါဝင်သည့် အလုပ်အမှုဆောင် ၁၁ ဦးကို ရွေးချယ်တင်မြှောက်ရေး ညွှန်ကြား ချက်များနှင့်အညီ ရွေးချယ်ကာ ရွေးချယ်ခံရသည့် အလုပ်အမှု ဆောင်အဖွဲ့သစ်သည် ညီလာခံ ယာယီသဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံကို မတ် ၃၁ ရက်အထိ နှစ်ရက်တာ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်