အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၃၀


အရှေ့တောင်အာရှ   နိုင်ငံများ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်    ကော်မတီ အစည်းအဝေး   (5th Executive Committee Meeting) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍   Virtual  စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ က နေပြည်တော်ရှိ  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ မှ တက်ရောက်ကြပြီး ASEANSAI ဒုတိယဥက္ကဋ္ဌ     ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ် Mr. Gamaliel A.  Cordoba ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့၊    ASEANSAI   ၏   အတွင်းရေးမှူးချုပ် Mr. Bahtiar Arif   ဦးဆောင်သည့်   ကိုယ်စား လှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ စာရင်း စစ်ချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ကြသည်။

 


ASEANSAI         ဥက္ကဋ္ဌ ပြည်ထောင်စု      စာရင်းစစ်ချုပ် ဦးတင်ဦးက    အဖွင့်အမှာစကား ပြောကြားပြီး   ASEANSAI   ၏ (၇)    ကြိမ်မြောက်   အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုကို ရှင်းလင်း ပြောကြားသည်။

 


ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်က ASEANSAI ၏ (၇) ကြိမ်မြောက် ထိပ်သီးအစည်း အဝေးကို  ဖိလစ်ပိုင်နိုင်ငံ  စာရင်း စစ်ချုပ်ရုံးမှ  အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုကိုလည်းကောင်း၊ ASEANSAI အတွင်းရေးမှူးချုပ်က ASEANSAI ၏   ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ ကိစ္စများ၊ အတွင်းရေးမှူးချုပ်၏ တာဝန်ထမ်းဆောင်သည့် ကာလ သက်တမ်းတိုးမည့် ကိစ္စရပ်များ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသစ် ဖြစ်လာမည့်   တီမောလက်စ်တီ နိုင်ငံဆိုင်ရာ       အကြောင်းအရာ အကျဉ်းချုပ်ကို  လည်းကောင်း တင်ပြဆွေးနွေးကြသည်။

 


ထို့နောက်      ပြည်ထောင်စု စာရင်းစစ်ချုပ်က ရှေ့ကာလတွင် ဆက်လက်ဆောင်ရွက်မည့်  ကိစ္စ ရပ်များကို ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကား   ပြောကြားသည်။

 


ယင်းနောက်   အစည်းအဝေး တက်ရောက်လာသည့်   ကိုယ်စား လှယ်များသည်   မှတ်တမ်းတင် ဓာတ်ပုံရိုက်၍      အစည်းအဝေး ကို    ရုပ်သိမ်းခဲ့ကြောင်း    သိရသည်။


သတင်းစဉ်