အစိုးရဓမ္မာစရိယစာမေးပွဲ နဝမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ကျင်းပ

 

နေပြည်တော်     မတ်    ၃၀
သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍  နှစ်စဉ် ကျင်းပသော  ၂၀၂၃ ခုနှစ်  အစိုးရဓမ္မာစရိယ စာမေးပွဲကို    ယနေ့တွင်   နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၇၀ တို့၌   နဝမနေ့အဖြစ်လည်း ကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို  စာဖြေ ဌာန ၂၂၉   ဌာနတို့၌  တတိယနေ့အဖြစ် လည်းကောင်း ဖြေဆိုကြသည်။
အစိုးရဓမ္မာစရိယစာမေးပွဲ  နဝမနေ့ကို  စာရင်းသွင်း ၄၉၄ ပါး/ဦး အနက် ၂၈၀ ဖြေဆို ကြသဖြင့်  ၅၆ ဒသမ ၆၈ ရာခိုင်နှုန်း ဖြေဆို ကြပြီး ပါဠိပထမပြန်စာမေးပွဲ  (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊  အခြေပြုမူလတန်း) တတိယနေ့ကို စာရင်းသွင်း  ၅၇၃၆၃ ပါး/ဦး  အနက်  ၄၅၇၄၂ ပါး/ဦး ဖြေဆိုကြသဖြင့် ၇၉ ဒသမ   ၇၄  ရာခိုင်နှုန်း    ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ သတင်းစဉ်