မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

 

၁။    မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှ     နှောင်းတန်ခူးလပြည့်ကျော်   ၁၂  ရက်နေ့သည် နှစ်ဟောင်းမှ  နှစ်သစ်သို့ကူးပြောင်းသည့်  မဟာသင်္ကြန်အခါတော် ဖြစ်ပါသည်။
၂။    ဤအခါသမယတွင်  မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီး များအား ပူဇော်သက္ကာယ ပြုခြင်း၊ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာများ ကျင်းပခြင်းနှင့်   တိရစ္ဆာန်များ  ဘေးမဲ့လွှတ်ခြင်း စသောမင်္ဂလာအမှု   တို့ကို ပြုမြဲဖြစ်ပါသည်။
၃။    ထို့အပြင် နှစ်ဟောင်းတွင်  ကိုယ်စိတ်နှစ်ပါးတို့၌ အညစ် အကြေးများရှိခဲ့ပါက  ဆေးကြောသန့်စင်သည့်အနေဖြင့်  တစ်ဦးနှင့် တစ်ဦး    ကြည်လင်သန့်ရှင်း  မွှေးပျံ့သင်းသည့်   နံ့သာရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်း ရှိပါသည်။
၄။    သို့သော် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ  ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက် သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ်ကျရောက်ခြင်း     စသည့်   အမင်္ဂလာများလည်း  သက်ရောက်တတ်ပါသည်။   
၅။    ထို့ကြောင့် ၁၃၈၄ ခုနှစ်၊  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို   အောက်ပါရည်ရွယ်ချက်များနှင့်အညီ  ကျင်းပ သွားရန် ဖြစ်ပါသည်-
    (က)    မြန်မာ့ရိုးရာယဉ်ကျေးမှု   မဟာသင်္ကြန်ပွဲတော်ကို  မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ   ရိုးရာ မပျက် ဆက်လက်ထိန်းသိမ်းရန်၊
    ( ခ )    ပြည်သူများ  ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့်  ရေသဘင်ပွဲတော်တွင်   ယဉ်ကျေးသိမ်မွေ့စွာ    ပါဝင် ဆင်နွှဲနိုင်ရန်၊
    ( ဂ )    ပြည်သူများသည်   မိမိတို့  ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ် တွင်   နိုင်ငံတော်၏   တာဝန်များကို  စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊
    (ဃ)    မြန်မာမှု၊  မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ် သာရများ၊   အမျိုးသားရေး   စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်။
၆။    သို့ဖြစ်ပါ၍  မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော် ၏ မွန်မြတ်သော  ရည်ရွယ်ချက်များကို   ထိန်းသိမ်းသောအားဖြင့် အောက်ပါတို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်-
    (က)    မြန်မာ့ရိုးရာယဉ်ကျေးမှု    ဓလေ့စရိုက်နှင့်   ဖီလာ ဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင်  မတင့် တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊
    ( ခ )    ဘာသာတရား၏   အဆုံးအမနှင့်  မလျော်ညီသည့်  ရုန့်ရင်းကြမ်းတမ်းစွာ   ပြောဆိုမှုများ  ရှောင်ကြဉ်ကြ ပါရန်၊
    ( ဂ )    သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်  ဖြစ်စေမည့်ကြမ်းတမ်းသည့်    ရေကစားမှု၊   ထိပါး နှောင့်ယှက်မှုများ ရှောင်ကြဉ်ကြပါရန်၊
    (ဃ)    သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ပြောဆိုခြင်း၊  သံချပ်ထိုးခြင်း၊   သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း      စသည့်အပြုအမူများ  ရှောင်ကြဉ်ကြပါရန်၊
    ( င )    မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုး  တတ်သော     အများပြည်သူတို့၏     အမြင်အာရုံ တွင်  အနှောင့်အယှက်ဖြစ်စေတတ်သည့်   မြန်မာ့ ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်း  မှ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်၊
    ( စ )    မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ကို ချစ်ခင်၍  ပျော်ရွှင်ကြလိုသူများ   ဖြစ်သည်နှင့်အညီ   အခြား နိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှု  အစဉ် အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊   အစားအစာ၊   အကအခုန်များကို အလွန်အမင်း လိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင်  သောက်စားမူးယစ်ခြင်း များ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်။