(၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

 

ရန်ကုန်   မတ်    ၂၉


ရန်ကုန်တိုင်းဒေသကြီး   မူးယစ်တားဆီးကာကွယ် ရေးအဖွဲ့ကကြီးမှူး၍   မူးယစ်ဆေးဝါးနှင့်    စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပသော (၃၆) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်   ကွန်ပျူတာပန်းချီပြိုင်ပွဲကို  ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 


ကွန်ပျူတာပန်းချီပြိုင်ပွဲကို  လှိုင်မြို့နယ်  သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်၌ ကျင်းပ ပြီး အခြေခံပညာအထက်တန်းနှင့်  အလယ်တန်းအဆင့် ကျောင်းသား၊  ကျောင်းသူ  ၁၀  ဦးတို့  ဝင်ရောက် ယှဉ်ပြိုင်ကြကာ ကျောင်းသား  ကျောင်းသူများ၏ ပြိုင်ပွဲဝင်နေမှုများကို         ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊     သတင်းအချက်အလက်နှင့်  နည်းပညာတက္ကသိုလ် မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့်   တာဝန်ရှိသူများက    ကြည့်ရှုအားပေးပြီး (ယာပုံ) ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ကြသည်။

 


အဆိုပါပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့   အထိမ်းအမှတ်အဖြစ်  ကျင်းပ ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်၊ မူလတန်းအဆင့် စသည်ဖြင့် ပထမ၊  ဒုတိယ၊  တတိယနှင့်  အထူးဆု တစ်ဆုတို့ကို  ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။            

         
ဆန်းကျော်ဦး(ပြန်/ဆက်)