
နေပြည်တော် မတ် ၂၉
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြို “ရေတွေစိုစို H2O” တေးဂီတဖျော်ဖြေပွဲကို မတ် ၃၁ ရက် (သောကြာ)နေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို “H2O Music Band” အဖွဲ့၏ တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့် ဘုန်းသစ်၊ ဖိုးသား(H2O)၊ သဲနုဝါ၊ ယဉ်ဝေယံထွန်း၊ မြနန္ဒာ၊ မြတ်နိုးစံ၊ အိအိလှိုင်နှင့် ဖူးဧရီဆောင်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို ဧပြီ ၂ ရက် (တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်