
နေပြည်တော် မတ် ၂၉
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကို နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များ နည်းတူ တင်ဆက်နိုင်ရေး ဌာန ဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များ အား ရိုက်ကူးရေး ဆောင်ရွက် လျက်ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှ သင်္ကြန်ယိမ်းအဖွဲ့များသည် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်၍ သင်္ကြန်တေးသီချင်း များဖြစ်သည့် “မင်္ဂလာရှိသော သင်္ကြန်၊ မန်းတောင်ရိပ်ခို” တေးသီချင်းများဖြင့် ရိုက်ကူးရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ ပင်မအဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထား သည့် ခေတ်အဆက်ဆက် ရုပ်သံ ထုတ်လွှင့်ရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင် နှင့် စက်ပစ္စည်းများ၊ ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်း ပြသထားမှုများ၊ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တူရိယာများ ခင်းကျင်း ပြသထားမှုတို့ကို ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများကရှင်းလင်း ပြသမှုနှင့်အတူ မေးမြန်းမှုများ အပေါ် ဖြေကြားခဲ့ကြသည်။
ယနေ့ မွန်းလွဲပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ ပျိုမေများ ယိမ်းအဖွဲ့က “တူးပို့တူးပို့” တေးသီချင်းဖြင့် လည်းကောင်း၊ ရန်ကင်းမြို့နယ် အခြေခံပညာကျောင်းများမှ ဆရာမ များ၏ အလှမူယာယိမ်းအက အဖွဲ့က “ကဲကြမယ် ဒီရေပွဲ” တေးသီချင်းဖြင့် လည်းကောင်း ရိုက်ကူးရေး ဆောင်ရွက်ခဲ့ကြ သည်။
သတင်းစဉ်