အစိုးရဓမ္မာစရိယစာမေးပွဲ အဋ္ဌမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကျင်းပ

 

နေပြည်တော်   မတ်    ၂၉
သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက       ကြီးမှူး၍  နှစ်စဉ်ကျင်းပသော     ၂၀၂၃  ခုနှစ်၊    အစိုးရ ဓမ္မာစရိယစာမေးပွဲကို   ယနေ့တွင်    နိုင်ငံ တစ်ဝန်းရှိ စာဖြေဌာန ၇၀ တို့၌  အဋ္ဌမနေ့ အဖြစ်      လည်းကောင်း၊      ပါဠိပထမပြန် စာမေးပွဲကို     စာဖြေဌာန     ၂၂၉   ဌာနတို့၌ ဒုတိယနေ့အဖြစ် လည်းကောင်း ဖြေဆိုကြ သည်။
အစိုးရဓမ္မာစရိယစာမေးပွဲ အဋ္ဌမနေ့ကို စာရင်းသွင်း ၄၉၄ ပါး/ဦးအနက် ၂၈၃ ပါး/ဦး ဖြေဆိုကြသဖြင့်  ၅၇ ဒသမ ၂၉ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမ ကြီး၊   ပထမလတ်၊   ပထမငယ်၊   အခြေပြု မူလတန်း)     ဒုတိယနေ့ကို      စာရင်းသွင်း ၅၇၃၆၃ ပါး/ဦးအနက် ၄၅၈၁၂ ပါး/ဦး ဖြေဆို ကြသဖြင့် ၇၉ ဒသမ ၈၇ ရာခိုင်နှုန်း ဖြေဆို ကြကြောင်း  သာသနာရေးဦးစီးဌာနမှ သိရ သည်။ 
သတင်းစဉ်