မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၂၈


မြန်မာနိုင်ငံ  လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ    (၅)နှစ်   စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့အစည်းအဝေးကို     ယနေ့ မွန်းလွဲ ၁ နာရီတွင်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်        ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည်။

 


အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှု      တိုက်ဖျက်ရေး ဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင် အထည်ဖော်ရေး     လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊   ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်း ထက်    ဦးဆောင်သော   လုပ်ငန်း အဖွဲ့ အဖွဲ့ဝင်များ၊    ဌာနဆိုင်ရာ ကိုယ်စားလှယ်များ  တက်ရောက် ခဲ့ကြသည်။

 


 အချိန်မီတားဆီးဆောင်ရွက်


အစည်းအဝေးတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ (၅)နှစ်စီမံကိန်း  အကောင်အထည် ဖော်ရေးလုပ်ငန်းအဖွဲ့      ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး      မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က မြန်မာနိုင်ငံ         လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ     စတုတ္ထ (၅) နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆)၏ ၂၀၂၃ ခုနှစ်   လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်     လုပ်ငန်း ဆောင်ရွက်ချက်များကို အောင်မြင် အောင်    အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊     တွေ့ကြုံရ သည့် အခက်အခဲများနှင့် စိန်ခေါ် မှုများကို ပိုမိုပူးပေါင်းဆောင်ရွက် နိုင်မည့်    အခွင့်အလမ်းများကို အကြံပြုဆွေးနွေးပေးရန် ရည်ရွယ် ၍ ကျင်းပရခြင်း ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံသားများ   အနေ ဖြင့် အိမ်နီးချင်းနိုင်ငံများ  အပါ အဝင်   ဒေသတွင်းနိုင်ငံများနှင့်     အခြားပြည်ပနိုင်ငံများကို    ရွှေ့ ပြောင်းသွားလာ   အလုပ်လုပ်ကိုင် မှုများ   များပြားနေသောကြောင့် နယ်စပ်ဒေသများတွင်  တားဆီး ပညာပေးပြီး နေရပ်ပြန်လွှတ်နေရ သည့်  ဖြစ်စဉ်များတွင် ရွှေ့ပြောင်း သွားရောက်ကြသူများသည် မြန်မာ နိုင်ငံအတွင်းပိုင်း ဒေသအသီးသီးမှ လာရောက်ကြသူများ   ဖြစ်သည့် အတွက် သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်ချင်း   ဆက်စပ်နေ သော     စစ်ဆေးရေးဂိတ်များ၌ ကြပ်ကြပ်မတ်မတ်       စစ်ဆေး ဆောင်ရွက်နိုင်မှသာ  တရားမဝင် သွားရောက်ခြင်း၊      လူမှောင်ခို ကူးခြင်းနှင့်       လူကုန်ကူးခြင်း တို့ကို        နယ်စပ်မရောက်မီ        မိမိနိုင်ငံအတွင်းမှာပင်     အချိန်မီ တားဆီး      ဆောင်ရွက်နိုင်မည်          ဖြစ်ကြောင်း။ 

 


နယ်စပ်မြို့များသို့ ရောက်ရှိလာ


နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊     နည်းပညာနှင့် ဆက်စပ်သည့်  အလုပ်လုပ်ကိုင် ရန် အွန်လိုင်းမှတစ်ဆင့်   လစာ ကောင်းသည့်    အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍   လိမ်လည်ခေါ် ဆောင်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့်  မြန်မာနိုင်ငံနယ်စပ်မြို့များသို့ ရောက်ရှိလာကြ ခြင်းဖြစ်ပြီး  အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ တရားဝင် ဝင်/ထွက် ပေါက်များမှတစ်ဆင့်     မြန်မာ နိုင်ငံသို့    လာရောက်ကြသူများ မဟုတ်ကြောင်း။ 

 


ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်


မြန်မာနိုင်ငံတွင်   အခက်အခဲ ဒုက္ခကြုံတွေ့နေရသော   နိုင်ငံခြား သားများအား သက်ဆိုင်ရာ သံရုံး များနှင့်   NCB   လမ်းကြောင်းမှ တစ်ဆင့်   အကူအညီတောင်းခံမှု များ ရှိခဲ့ကြောင်း၊ နိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ ပြီး ဒုက္ခရောက်နေသော နိုင်ငံခြား သားများကို ရှာဖွေကယ်တင်နိုင် ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီး ကို  ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ ခြင်းသည်     သက်ဆိုင်ရာဝန်ကြီး ဌာန အချင်းချင်း   ပူးပေါင်းဆောင် ရွက်မှုများ၏     ရလဒ်ပင်ဖြစ်ပါ ကြောင်း။

 


တိုးမြှင့်ဆောင်ရွက်


ပြစ်မှုကျူးလွန်သူများကို ဖော် ထုတ်အရေးယူ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏   ပူးပေါင်းပါဝင် သတင်းပေး   ကူညီမှုများသည် အရေးပါသော        အခန်းကဏ္ဍ တစ်ရပ်ဖြစ်သဖြင့်    ပြည်သူများ အနေဖြင့်      အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် လာစေရန်အတွက်         ထိတွေ့ ဆက်ဆံနေရသည့်     ဌာနဆိုင်ရာ များအနေဖြင့်    အသိပညာပေးမှု များ၊        စည်းရုံးဆွေးနွေးမှုများ ဆက်လက်      တိုးမြှင့်ဆောင်ရွက် ပေးကြရန် ပြောကြားသည်။

 


ထို့နောက်   အစည်းအဝေးသို့ တက်ရောက်လာသည့်   လုပ်ငန်း ကော်မတီဝင်များက  ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်တွင်     ပါရှိသည့်  လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍   အကောင်အထည် ဖော် ဆောင်ရွက်မည့်  အခြေအနေ များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြု   ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့   တပ်ဖွဲ့မှူးက ခြုံငုံ      သုံးသပ်ဆွေးနွေးကြကာ မြန်မာနိုင်ငံ      လူကုန်ကူးမှု တိုက် ဖျက်ရေးဆိုင်ရာ  (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊   ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ်က   ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ     လုပ်ငန်းစဉ် များအား ရလဒ်တစ်ခု ထွက်ပေါ် လာသည်အထိ   ဆောင်ရွက်ပေး စေလိုကြောင်းနှင့်လုပ်ငန်းစဉ်များကို    သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးမြောက်အောင်မြင် အောင်   ပူးပေါင်းဆောင်ရွက်သွား ကြရန်   ပြောကြားခဲ့ကြောင်း  သိရ သည်။                     


သတင်းစဉ်