ရန်ကုန် - ပုဂံ အမြန်ရထားပြန်လည်ပြေးဆွဲ၍ ခရီးသွားပြည်သူများ အဆင်ပြေ

 

နတ်မောက်    မတ်   ၂


မြန်မာ့မီးရထားမှ    ရထားစီးခရီးသည်များ အဆင်ပြေစေရေးအတွက် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ အမှတ်(၆၁) အဆန်ရထားပြေးဆွဲခဲ့ရာ  ခရီးသွားပြည်သူများ အဆင်ပြေကြကြောင်း သိရသည်။ အမှတ်(၆၁) အဆန်အမြန်ရထား သည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ် တွင်ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

 

အမှတ်(၆၂) အစုန်အမြန်ရထားသည်   ပုဂံ ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး နောက်တစ်နေ့   မွန်းတည့်  ၁၂   နာရီတွင် ရန်ကုန်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ကြေညာပေးထားသည်။

 


“ကျွန်တော်က နတ်မောက်ကနေ ရန်ကုန် သွားမယ့်ခရီးသည်တစ်ယောက်ပါ။    မီးရထား လက်မှတ်ခက ရန်ကုန်-ပုဂံခရီးဆုံးအထိစီးရင်  ရိုးရိုးတန်း ငွေကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ငွေကျပ် ၁၄၄၀၀၊ အထက်တန်းအိပ်စင်ဆိုရင် ငွေကျပ်   ၁၉၈၀၀   ဖြစ်လို့    စျေးနှုန်းအလွန် သက်သာပါတယ်”      ဟု    သမှုန်းပင်ရွာမှ ကိုစိန်မောင်က ပြောသည်။

 


ရန်ကုန်-ပုဂံအမြန်ရထားသည် လမ်းခရီး တွင်   ဘူတာ   ၂၃   ဘူတာရပ်နားပေးပြီး နတ်မောက်မြို့နယ်တွင် နတ်မောက်၊ လေးအိမ်၊ သားမျှားနှင့်ပင်းချောင်းဘူတာတို့တွင် ရပ်နား ပေးသဖြင့်  ရန်ကုန် - ပုဂံ  လိုက်ပါစီးနင်းမည့် ခရီးသွားများ   အဆင်ပြေကြကြောင်း   သိရ သည်။                    

မူမူစန်း