
ထားဝယ် မတ် ၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ် ၁ ရက်က ထားဝယ်မြို့ ထားဝယ်- ကမြောကင်း- လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ထားဝယ်ခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ကမြောကင်းတံတားသစ် တည်ဆောက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်း တင်ပြမှုအပေါ်တွင် တံတားသစ်ရေရှည်ကောင်းမွန် စေရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားသစ်အချိန်မီပြီးစီးရေး သတ်မှတ်ချက်များ နှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တံတားသစ် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် လမ်းများ ကောင်းမွန်ရန်လိုအပ်ကြောင်းနှင့် တံတားသစ်ကို (၇၈)နှစ်မြောက် တပ်မတော်နေ့မတိုင်မီ ဖွင့်လှစ် နိုင်ရေးကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမြောကင်းတံတားသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားပြီး အဆိုပါ ကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်တွင်တည်ရှိပြီး ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်နေခြင်း ဖြစ်ကာ တံတားအရှည်ပေ ၁၀၅၀ ရှိကြောင်း၊ သံကူ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ငါးပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေ ရှိမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးစီမံကိန်း ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင် ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ရည်မှန်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)