
ရန်ကုန် ဒီဇင်ဘာ ၂၂
မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းနှင့် ပိုက်ကျော်ခြင်းအားကစားနည်းကို နေရာတိုင်း ကျယ်ပြန့်၊ တိုးတက်ရေးအတွက် ဆောင်ရွက် နေကြောင်း ယနေ့ နံနက် ၉ နာရီခွဲက သန်လျင် မြို့နယ် Star City အိမ်ရာ Sports Club တွင် နှစ် (၃၀) ပြည့် မင်္ဂလာမဂ္ဂဇင်း ခြင်းလုံး ချစ်ကြည်ရေးပြိုင်ပွဲ (ခြင်းလုံး Flash Mob) လှုပ်ရှားမှု ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြော သည်။
“ဒီအားကစားနည်းနှစ်ခုလုံးကို နေရာ တိုင်း ကျယ်ပြန့်သွားအောင် ဆောင်ရွက်နေတဲ့ အတွက် မြင်ရောင်နေပါတယ်။ မြန်မာ့ရိုးရာ ခြင်းလုံးနဲ့ ပိုက်ကျော်ခြင်းဆိုရင်လည်း (၃၂)ကြိမ် မြောက် ဆီးဂိမ်းမှာ ပါဝင်နေတဲ့အတွက် ဒီအားကစားနည်းနှစ်ခုကို မြှင့်တင်ပေးသလို ဖြစ်နေပါတယ်” ဟု ဒုတိယဥက္ကဋ္ဌက ဆက်လက် ပြောသည်။
အဆိုပါ လှုပ်ရှားမှုအား ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာမှ ဦးစီး ကျင်းပပြီး တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဌာနနှင့် Myanmar Grand Mekong-Andaman Group ကုမ္ပဏီတို့ ပူးတွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအဖွဲ့နှစ်ပွဲမှ ချစ်ကြည်ရေးအဖြစ် ကစားကြပြီး ယင်း နှစ်(၃၀) ပြည့် မင်္ဂလာ မဂ္ဂဇင်း ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲအား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိန်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ခွဲ စသည့် ဒေသများတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း