မြန်မာ့မီးရထားမှ ဒီဇင်ဘာကျောင်းပိတ်ရက် ရန်ကုန် - မန္တလေး လေအိတ်ရထား နေ့စဉ်ပြေးဆွဲမည်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၃
မြန်မာ့မီးရထားမှ   ခရီးသွားပြည်သူများအဆင်ပြေစေရန်  ဒီဇင်ဘာ ကျောင်းပိတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအိတ်ရထားအား ယခင် ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ တနင်္ဂနွေနေ့ ပြေးဆွဲနေရာမှ နေ့စဉ်ပြေးဆွဲပေးမည် ဖြစ်သည်။
အဆိုပါ အမှတ်(၅)အဆန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်ထွက်ပြီး နောက်တစ်နေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်သည်။ အမှတ်(၆) အစုန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီ ထွက်ပြီး နောက်တစ်နေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်သည်။   
လမ်းဘူတာများဖြစ်သည့်   ပဲခူး၊    တောင်ငူ၊    ပျဉ်းမနား၊  နေပြည်တော်၊   သာစည် ဘူတာများတွင်   ရပ်တန့်ပေးမည်ဖြစ်ကြောင်း  မြန်မာ့မီးရထားမှ  သိရသည်။ 
အာကာလင်း