
နေပြည်တော် ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက် ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးပြီး ကျေးရွာအရှေ့ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ် ၁၆၀ ရှိသည့်အနက် နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထား သည့် အကြမ်းဖက်သမားအလောင်းအချို့၊ အမ် ၂၂ သေနတ် တစ်လက်၊ ၎င်း ကျည် ၄၀ တောင့်၊ ကျည်အိမ်နှစ်ခုနှင့် အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်