
နေပြည်တော် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ခရီးသွား ပြည်သူများ သွားလာလှုပ်ရှားရာ တွင် အဆင်ပြေချောမွေ့စေရေး အတွက် တာဝန်ရှိသူများက YBS ခရီးသည်တင် ယာဉ်များအား မြို့နယ်အနှံ့ ပြေးဆွဲပေးလျက် ရှိသကဲ့သို့ မသမာသူလူအုပ်စုများ အနေဖြင့်လည်း အဆိုပါ YBS ခရီးသည်တင် ယာဉ်များအား စီးနင်းအသုံးပြုသည့် ခရီးသွား ပြည်သူများအား လူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒုစရိုက် ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့် ကြည့် စုံစမ်းဖမ်းဆီးခြင်းများကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ နေ့ညမပြတ် သတင်းဖော်ထုတ်၊ စောင့်ကြည့် ခြင်းများ ဆောင်ရွက်ခဲ့ရာ YBS ယာဉ်များပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်သူများသည် ပြစ်မှု ကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင်ထားသည့် TOYOTA Probox အဖြူရောင် အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြောင်း ဖော်ထုတ် သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၊ ခရေပင်လမ်းနှင့် ဒညင်း ကုန်း လမ်းဆုံမီးပွိုင့်တို့တွင် အဖွဲ့ငယ်များခွဲကာ သတင်းအရ စောင့်ဆိုင်းလျက်ရှိစဉ် နံနက် ၈ နာရီခွဲတွင် အဆိုပါယာဉ်အား ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၌ တွေ့ရှိစစ်ဆေးရာ ယာဉ်ပေါ်မှ ယာဉ်မောင်းနှင်သူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ ဘိုဘိုပြည့်(ခ) ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူ များဖြစ်သည့် ကိုကိုအောင်(ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင် ညွန့်၊ စိုးပိုင်(ခ) ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မိုင်းပွန်စော်ဘွား လမ်းနေ ခိုင်မင်းဦး (ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေလင် ပန်းကျေးရွာ၊ ထောင်ကျော် ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည့်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့ နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ (၄၂)နှစ်တို့ ခြောက်ဦးကို ဖမ်းဆီး ရမိခဲ့သည်။
တွေ့ရှိဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အတွင်း ဆက်လက် ရှာဖွေခဲ့ရာ ၎င်းတို့ ခါးပိုက်နှိုက်မှု များ ကျူးလွန်ခဲ့ရာမှ ရရှိခဲ့သည့် အလေးချိန် တစ်ပဲ လေးရွေးခန့်ရှိ မောင်းကွင်းပုံ ရွှေလက်စွပ် တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ရှစ်လုံးနှင့် ငွေစက္ကူရောရာ ၈၀၀၀၀ တို့အား ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ခြောက်ဦး သည် ကိုကိုအောင်(ခ) ကိုအောင် ၏ ဦးဆောင်မှုဖြင့် YBS ယာဉ်များ ပေါ်သို့တက်ကာ ခရီးသွားပြည်သူ များထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများကို ခါးပိုက် နှိုက်မှုများ ကျူးလွန်ခဲ့ကြကြောင်း၊ ထိုသို့ ကျူးလွန်ရာတွင် ညီညီ၊ ခိုင်မင်းဦး(ခ)ဖိုးသားနှင့် ပြည့်ဖြိုး ကို(ခ) ကုလားတို့က လူကာပေးပြီး ကိုကိုအောင် (ခ) ကိုအောင်နှင့် စိုးပိုင် (ခ)ဗိုက်ပူတို့က ခါးပိုက်နှိုက် ယူကာ ဘိုဘိုပြည့် (ခ) ကိုပြည့် မောင်းနှင်သည့် မော်တော်ယာဉ် ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူတရားခံ ခြောက်ဦးနှင့် ကျူးလွန်ရာမှ ရရှိသည့် အလေး ချိန် တစ်ပဲ လေးရွေးခန့်ရှိ မောင်း ကွင်းပုံ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ရှစ်လုံးနှင့် ငွေစက္ကူရောရာ ၈၀၀၀၀ ၊ ၎င်းတို့ စီးနင်းအသုံးပြုခဲ့သည့် YGN 3H-4879 TOYOTA Probox တစ်စီး တို့ကို ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက် မှုများ တားဆီးဖော်ထုတ်နိုင် ရေး ဆောင်ရွက်ခဲ့မှုများကြောင့် ဖော်ထုတ် ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်မှုများ ပူးပေါင်း ကျူးလွန်သူ တရားခံ ခြောက်ဦး ကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့်လည်း ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဒုစရိုက်သမား များ၏ သတင်းများရရှိပါက နီးစပ် ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါ ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။ သတင်းစဉ်