
နေပြည်တော် ဒီဇင်ဘာ ၂
CRPH နှင့် NUG အမည်ခံ အကြမ်းဖက် အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည် ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေး တို့အတွက် စစ်ရေးပစ်မှတ် မဟုတ်သည့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက် အဦများအား နည်းလမ်း မျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်လျက် ရှိသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
ထိုသို့ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်တွင် သင်္ကန်း ညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် အမှတ် (၄၅၊ ၄၆၊ ၄၇)တို့ကို PDF အမည်ခံ အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်များ ထိပ်ပိုင်း ကျိုးပဲ့ပျက်စီးခြင်းနှင့် လဲကျပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှု များ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။
ထိရောက်စွာအရေးယူနိုင်ရေး
အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်