အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဒီဇင်ဘာ   ၁ 


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှု များအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊  အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊  လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ  ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်   သက်ဆိုင်သည့်    ရွှေ့ပြောင်းနိုင်သော  ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော    ပစ္စည်းများကို      အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေအရ   သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှု ထင်ရှားစီရင်ခြင်းခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်း ဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေးသတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့   အသိပေး  သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း  ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ်  အေးစေတီ ရပ်ကွက်နေ ဟောင်းနန်း (ခ) အဇော်သည် ၎င်းအသုံးပြုသည့် “A zaw” Facebook  အကောင့်၊  ကရင်ပြည်နယ် မြဝတီ မြို့နယ် အမှတ် (၄) ရပ်ကွက် အေးသာယာ(၄) လမ်းနေ ပြည့်ဝ (ခ) ပြည့်ဝအောင်သည် ၎င်းအသုံးပြုသည့် “Pyai Wuu Aung” Facebook အကောင့်၊ လှိုင်းဘွဲ့မြို့နယ် (ဃ)ရပ်ကွက်နေ  လင်းပိုင် (ခ) ဇော်လတ်သည်  ၎င်းအသုံးပြု သည့် “User117875855455 (https://tiktok.com/@User 117875855455)” tiktok အကောင့်၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာနေ ဇင်မျိုး (ခ) ဇင်မျိုး ဝင်းသည်  ၎င်းအသုံးပြုသည့်  “Zinmyo 2517” tiktok အကောင့်၊ ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်တော်သာ ရပ်ကွက်နေ မာစီငွန်ရွှေထာချင်း  (ခ)  မာစီသည်  ၎င်းအသုံး ပြုသည့် “Mar Si” Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်နေ  သီဟ (ခ) သီဟသစ်သည် ၎င်းအသုံးပြုသည့် “Thiha Thit”  Facebook   အကောင့်၊  မန္တလေးတိုင်းဒေသကြီး   ပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး (၂၁) နေ အောင်ကိုလင်း (ခ)  ကိုလင်းသည် ၎င်းအသုံးပြုသည့်  “Ko Lynn”  Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍    နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊  ဝါဒဖြန့် ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ  ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊  ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြား စေရန်   ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ်     အားပေးကူညီခြင်း       ပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့်    ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်       အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။                                   

သတင်းစဉ်