
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ရန် စီစဉ်လျက်ရှိသည့် Anti-Coup People’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
နေပြည်တော် ဒီဇင်ဘာ ၁
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများ အား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သောနေရာ များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင် ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ သည်။
သို့ဖြစ်ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးဆောင် ရွက်မှုများကြောင့် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်း ဖက် လုပ်ကြံသတ်ဖြတ်မှု များ ကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန် ရန် စီစဉ်လျက်ရှိသည့် Anti-Coup People’s Liberation Force – ACPLF အမည်ခံ အကြမ်း ဖက်အဖွဲ့ မှ ဝေယံကောင်းထက် (ခ) Lu Aye ကို မြောက်ဥက္ကလာပ မြို့နယ် (ဈ) ရပ်ကွက် စက်ကွေ့ (၆) လမ်း၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေယံကောင်းထက် (ခ) Lu Aye ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် စက်ကွေ့ (၆) လမ်းရှိ ၎င်း၏နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ACPLF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်သည့် ဖြိုးသွေးအောင် (ခ)နိုင်ဝင်း၊ နိုင်လင်းဇော် (ခ) သော် ထွန်းအောင် နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွား တို့ကို အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေယံကောင်းထက် (ခ) Lu Aye ၏ ထွက်ဆိုချက်အရ ACPLF အမည်ခံ အကြမ်းဖက်အဖွဲ့ နှင့် Anonymous Fighter Force – AFF အမည်ခံအကြမ်းဖက်အဖွဲ့ တို့မှ ပူးပေါင်း၍ သာကေတမြို့ နယ် မြင်တော်သာလမ်းနှင့် ဇင်္ဂမ လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ အား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပြီး ဆက်စပ် တရားခံများကို အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် AFF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် သက်ဇော်အောင်(ခ) အောင်လေး ကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ဇော်အောင်(ခ)အောင်လေး ၏ ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက် လုယက်မှုများ ကျူးလွန်ရန် အတွက် ၎င်းတို့၏ အဖွဲ့ဝင်များ သည် ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားအနီး လူကူး ခုံးကျော်တံတားပေါ်၌ စုဝေး လျက်ရှိကြောင်း ဖော်ထုတ်သိရှိ ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် တရားခံ များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်နက်များအား လုယူ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော ကြောင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း တို့ သုံးဦးကို လက်လုပ်မိုင်း နှစ်လုံးဖြင့်လည်း ကောင်း၊ ညီမင်းထွန်း အား လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြ တိုက်လုယက်ခြင်းများ ဆောင် ရွက်ရန် စီစဉ်လျက်ရှိသည့် တရားခံ ကျား ကိုးဦးကို ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း နှစ်လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဝေယံကောင်းထက်(ခ)Lu Aye ၊ ဖြိုးသွေးအောင် (ခ)နိုင်ဝင်း နှင့် သိန်းကျော်စွာ (ခ) ကျော်ကြီး တို့သည် KNLA တပ် မဟာ(၆)လှုပ်ရှားနယ်မြေ၌လည်း ကောင်း၊ နိုင်လင်းဇော် (ခ)သော် ထွန်းအောင်၊ သက်ဇော်အောင်(ခ)အောင်လေး နှင့် အာကာမင်းသိန်း တို့သည် KNLA တပ်မဟာ(၃)လှုပ်ရှားနယ်မြေ၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ACPLF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးရန်ကျန်တရားခံ ဇော်ကြီး မှခေါင်းဆောင်၍ ဖြိုးသွေးအောင် (ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ)သော် ထွန်းအောင်၊ ဉာဏ်ဝင်းလှိုင် (ခ)ဖိုးခွားနှင့် ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်သော ဟိန်းထက်၊ ကောင်း ထက်၊ ကြက်ဖကြီး၊ သားငယ်၊ ညီညီလင်းနောင်၊ ပြည်ရှိန်း၊ ကိုပေါက်၊ ညီညီအောင်၊ ကိုညို၊ ဦးလေး၊ ပဲခူးသား၊ ချစ်ကို၊ ဇင်မင်း ချစ် နှင့် မင်းချမ်းမြေ့ တို့ပါဝင်သော အဖွဲ့ဝင် ၁၈ ဦးဖြင့် လည်းကောင်း၊ AFF အမည်ခံ အကြမ်းဖက်အဖွဲ့ ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန်တရားခံ ကာရံမိုး မှ ခေါင်းဆောင်၍ သက်ဇော် အောင် (ခ) အောင်လေး၊ သိန်း ကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်း ဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း၊ ညီမင်းထွန်း နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဟန်လင်း ထက်၊ ဘီဘီ၊ ပြည့်ဖြိုးအောင်၊ ရိုဟစ်၊ စည်သူအောင် နှင့် ကတုံး တို့ပါဝင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့များ သည် မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူ များကို လက်နက်ဖြင့် ခြိမ်းခြောက် ၍ အကျပ်ကိုင်မှုများ၊ လုယက်မှု များ၊ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်၊ အကြမ်းဖက် ဖောက်ခွဲမှုဓာတ်ပုံများ လူမှု ကွန်ရက်မှတစ်ဆင့် ဖြန့်ဝေ၍ ငွေကြေးကောက်ခံရယူရန် ရည် ရွယ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ACPLF နှင့် AFF အမည်ခံ အကြမ်းဖက်အဖွဲ့တို့သည် နိုင်ငံ တော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု လေးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်-
á ၂၀၂၂ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် မြောက်ဥက္ကလာ ပမြို့နယ် (ဈ) ရပ်ကွက်၌ ဖမ်းဆီးရန်ကျန် တရားခံ များဖြစ်သော ဟိန်းထက် နှင့် ကောင်းထက် တို့မှ လက်လုပ်မိုင်း တစ်လုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဝေယံကောင်းထက် (ခ) Lu Aye မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
á အောက်တိုဘာ ၁၆ ရက် တွင် မြောက်ဥက္ကလာပ မြို့နယ် ကန်သာယာ လမ်းဆုံ၌ ဖမ်းဆီးရန် ကျန် တရားခံများဖြစ် သော ဟိန်းထက် နှင့် ကောင်းထက် တို့မှ လက် လုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဖြိုး သွေးအောင် (ခ)နိုင်ဝင်း မှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
á အောက်တိုဘာ ၁၈ ရက် တွင် မြောက်ဥက္ကလာပမြို့ နယ် (ည) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ရုံးအား ဝေယံကောင်းထက်(ခ)Lu Aye နှင့် ဖမ်းဆီးရန် ကျန်တရားခံ ဟိန်းထက် တို့မှ လက်လုပ်မိုင်း တစ် လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခဲ့ပြီး နိုင်လင်းဇော် (ခ)သော်ထွန်းအောင်မှ အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
á နိုဝင်ဘာ ၂၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေး၌ ဖြိုးသွေးအောင် (ခ) နိုင်ဝင်း မှ လက်လုပ် မိုင်း တစ်လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ပြီး နိုင်လင်း ဇော်(ခ) သော်ထွန်းအောင် မှ အခြေအနေ စောင့် ကြည့်ပေးခဲ့ကြောင်း။
ACPLF နှင့် AFF အမည်ခံ အကြမ်းဖက်အဖွဲ့တို့သည် အပြစ် မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်-
á ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၄၄)ရပ်ကွက်အနီး ၌ ရာအိမ်မှူး ဦးဆန်းမင်း ထွန်း ကို အာကာမင်းသိန်း နှင့် ဖမ်းဆီးရန်ကျန်တရား ခံ ကတုံး တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး သက်ဇော်အောင် (ခ)အောင်လေးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
á စက်တင်ဘာ ၂၉ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၃၂) ရပ်ကွက် ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရ လမ်းထောင့်၌ ရာအိမ်မှူး ဦးအောင်အောင်ကို သက် ဇော်အောင် (ခ) အောင် လေး မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး အာကာမင်းသိန်းမှ အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
á အောက်တိုဘာ ၂၆ ရက် တွင် မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက် သဇင်လမ်းနှင့် ဇကားဝါ လမ်းထောင့်၌ ရာအိမ်မှူး ဦးစိုးစိုး ကို ဝေယံကောင်း ထက်(ခ)Lu Aye မှ ပစ္စတို ဖြင့် အကြောင်းမဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ဖြိုးသွေးအောင်(ခ)နိုင် ဝင်းနှင့် နိုင်လင်းဇော် (ခ)သော်ထွန်းအောင် တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်း မဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများကို ညောင်လေးပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ KNLA တပ် မဟာ(၃)လှုပ်ရှားနယ်မြေ၌ တိမ်း ရှောင်လျက်ရှိသော ဖမ်းဆီးရန် ကျန်တရားခံ ဇော်ကြီး နှင့် ကာရံမိုး တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လက်နက် / ခဲယမ်းများကိုလည်း ထောက်ပံ့ပို့ဆောင်ပေးခဲ့ခြင်း ဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ညောင်လေးပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ဇော်ကြီး နှင့် ကာရံမိုး တို့၏ ခိုင်းစေချက် အရ AFF အမည်ခံအကြမ်းဖက် အဖွဲ့မှ သိန်းကျော်စွာ (ခ) ကျော် ကြီး ဦးဆောင်၍ သက်ဇော်အောင် (ခ)အောင်လေး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း နှင့် ညီမင်းထွန်း တို့သည် ACPLF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဝေယံကောင်းထက်(ခ)Lu Aye၊ ဖြိုးသွေးအောင် (ခ)နိုင်ဝင်း တို့နှင့် ပူးပေါင်း၍ နိုဝင်ဘာ ၃၀ ရက်တွင် သာကေတမြို့နယ် မြင်တော်သာ လမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက် လုယက်မှုများ ကျူးလွန်ရန် အတွက် Telegram မှတစ်ဆင့် တွေ့ဆုံ၍ အစီအစဉ်များ ရေးဆွဲ ခဲ့ကာ တာဝန်ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ အစီအစဉ်များ ရေးဆွဲ ၍ တာဝန်ခွဲဝေမှုတွင် -
á တရားခံ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ အာကာမင်း သိန်း၊ သက်ဇော်အောင်(ခ) အောင်လေး၊ မျိုးမင်းဟိန်း (ခ)မဲကြီး တို့ လေးဦးသည် ဘဏ်အတွင်းသို့ ဝင် ရောက်ကာ သိန်းကျော်စွာ (ခ) ကျော်ကြီး၊ အာကာ မင်းသိန်းတို့ နှစ်ဦးမှ ငွေ ထုတ် ကောင်တာသို့ သွားရောက်၍ ငွေများ လုယက် ယူဆောင်ရန်၊ သက်ဇော်အောင် (ခ)အောင်လေး နှင့် မျိုးမင်း ဟိန်း(ခ)မဲကြီး တို့ နှစ်ဦး သည် ဘဏ်ဝန်ထမ်းများ နှင့် ဘဏ်သို့လာရောက် သည့် ပြည်သူများကို လက်နက်ပြ၍ ခြိမ်း ခြောက်ပြီး ဓားစာခံအဖြစ် ဆောင်ရွက်ရန်။
á ဝေယံကောင်းထက်(ခ)Lu Aye၊ ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ ညီမင်းထွန်း တို့ သုံးဦးသည် ဘဏ်အပြင် ဘက်၌ အခြေအနေ စောင့်ကြည့်ပြီး မော်တော် ယာဉ်တစ်စီးဖြင့် အသင့် စောင့်ဆိုင်းနေရန်။
တရားခံများ၏ ထွက်ဆိုချက် အရ ဘဏ်ဓားပြတိုက်မှုကျူးလွန် ပြီး ငွေကြေးများရရှိပါက အဆိုပါ ငွေကြေးများအား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ သုံးစွဲခြင်း၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းများကို တိုး မြှင့်ဆောင်ရွက်သွားရန် အတွက် လက်နက်ခဲယမ်းများ ထပ်မံ ဝယ်ယူရာတွင် အသုံးပြုသွားရန် ရည်ရွယ်ထားရှိကြောင်း ဖော် ထုတ် သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များကို ပြည်သူတစ်ရပ်လုံးက ဝိုင်း ဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများကို အမြန် ဆုံး ဆက်လက်ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်