
နေပြည်တော် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဇုန်ရှိ “De Huse Company ” မှ ကုမ္ပဏီဝန်ထမ်းများကို လုပ်အားခလစာထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက် နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့ကို ငါန်းဇွန် မြို့နယ် ထန်းတပင်ကျေးရွာအနီး၌ ယနေ့နံနက်ပိုင်း တွင် PDF အကြမ်းဖက်သမားများက ဓားပြတိုက် လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံ မြို့နယ် သီရိမာလာအရှေ့ရပ်ကွက် ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုး တို့ နှစ်ဦးသည် မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများကို လုပ်အားခ လစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက် တစ်လုံးလျှင် ငွေကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက်နှစ်လုံးကို ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ် တင်ဆောင်ကာ မြို့သာ - တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာ ခဲ့ရာ နံနက် ၈ နာရီခွဲတွင် ငါန်းဇွန်မြို့နယ် ထန်းတပင် ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် လမ်းကိုပိတ်ရပ် ကာ မော်တော်ယာဉ်ကိုတားဆီးပြီး ဦးကောင်း ဆက်သူတို့သုံးဦးကို သေနတ်များဖြင့် ခြိမ်းခြောက် ၍ ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁၇၆၀ ပါ ATM စက်နှစ်လုံး ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ဓားပြတိုက် လုယက်ယူဆောင်သွားသော PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီးရမိ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်