သံဖြူဇရပ် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက် သော ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည် သန်စွမ်းရေးဌာနမှ နယ်လှည့်အစီအစဉ်ဖြင့် မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေး ခြင်းကို နိုဝင်ဘာ ၂၅ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထို့ပြင် ခြေတုလက်တု အကြီးစားပြင်ဆင်မူ များ၊ အသစ်လဲလှယ်ရန် လိုအပ်သူများကို ပြန်လည် ပြုပြင်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ် များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်း အရှေ့ခြမ်းတို့တွင် အခမဲ့ပြုပြင်မှုများကိုနယ်လှည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်လှည့်တာဝန်ခံ ဦးထွန်းထွန်းအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)



