ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အဲန်လူမျိုးများ၏ ရိုးရာဓလေ့

 

အောင်ဇင်မြင့်(ပြန်/ဆက်)

ရှမ်းပြည်နယ်           (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်      ပင်းတောက် ကျေးရွာအုပ်စု    တောင်ပေါ်ဒေသ ရှိ  နမ့်လင်းမိုင်ကျေးရွာမှာ  အဲန် လူမျိုး    အများစု    နေထိုင်ကြပါ တယ်။ အဲန်လူမျိုးများဟာ အနက် ရောင်ဝတ်စုံကိုသာ    ကိုယ်တိုင် ဖန်တီးရက်လုပ်ပြီး        ရှေးရိုး ဆန်ဆန်   ဝတ်ဆင်ကြပါတယ်။  သွားတွေကို   မည်းနေမှလှတယ် လို့    ယူဆကြတဲ့အတွက်     သူတို့ ရဲ့ သွားတွေကို မည်းနေအောင် ပြုလုပ်ထားကြပါတယ်။ အမျိုး သားအများစုကို ဆံပင်ရှည်ကြီး များနဲ့ ရှေးရိုးဆန်စွာ မြင်တွေ့ရပါ တယ်။ အဲန်လူမျိုးများရဲ့ ရှေးကျ တဲ့ နေထိုင်မှုပုံစံတွေကို ထူးခြား စွာ    တွေ့မြင်ရတဲ့   ဒီဒေသဟာ နိုင်ငံခြားသား     ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။
ရိုးရာဓလေ့များ
သူတို့ရဲ့သွားတွေကို    မည်း အောင်        မိုက်ကော်သစ်ပင်မှ အခေါက်ကို   အဆီရရှိအောင် မှိုင်းတိုက်ပြီး သွားတွေကို သူတို့ရဲ့ အသက် ၁၂၊   ၁၃ နှစ်  အရွယ်မှာ ကတည်းက စတင်သုတ်လိမ်းကြ ပါတယ်။     သစ်ရွက်ခြောက်၊  ဆေးနီ       သစ်ခေါက်ကိုလည်း           အခွံခွာပြီး         ကွမ်းယာကဲ့သို့  အမြဲတစေဝါးလေ့      ရှိပါတယ်။ အမျိုးသမီး၊   အမျိုးသားအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့            ရိုးရာပွဲနေ့များမှာ    ပန်းတွေ            ထည့်ပန်ကြပါတယ်။       ငွေ လက်ကောက်များ အမြဲဝတ်ဆင် ပြီး  ဖိနပ်ကိုတော့   စီးလေ့မရှိတဲ့ သူတို့ရဲ့          လူနေမှုပုံစံများက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
အဲန်လူမျိုးများဟာ  တောင် ယာစပါး၊    သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနှင့်   အမဲလိုက်ခြင်း တို့ကို  အဓိကလုပ်ကိုင်   ရပ်တည် နေထိုင်ကြပါတယ်။ 
ယုံကြည်ကိုးကွယ်မှု
မိရိုးဖလာ  နတ်ကိုးကွယ်ကြ တဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီးသန့် နေထိုင်ရာ     ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။    အဲန်လူမျိုး တွေဟာ တောစောင့်နတ်၊ တောင် စောင့်နတ်နဲ့          သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို   ကိုးကွယ် ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲ ကို  ဆောင်းအကုန်   နွေအကူး ကာလမှာ     အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့  ပူဇော်ပွဲ ပြုလုပ်ကြပါတယ်။    ရွာထဲမှာ လူမျိုးတွေရဲ့       ရိုးရာနတ်စင် တစ်စင်ကို      တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့နတ်ဆရာအိမ်မှာ    သူတို့ ပူဇော်တဲ့   နတ်ကိုခေါ်ဖို့   ဗုံကြီး တစ်လုံးရှိပါတယ်။    အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ  အမျိုးသား တွေသာ တီးကြရပြီး ဗုံတီးပူဇော် ခြင်းဖြင့် ရွာထဲသို့ မကောင်းဆိုးရွား များ         မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက   သူတို့ကို   မတွန်း လှန်နိုင်ကြောင်းနဲ့   ဆန်ရေစပါး ပေါကြွယ်ဝကြောင်း  ယုံကြည်ကြ ပါတယ်။
လူဦးရေနှင့် ဘာသာစကား
အဲန်လူမျိုးတွေဟာ       အဲန် ကိုယ်ပိုင်ဘာသာစကားနဲ့      ရှမ်း ဘာသာစကားကို အဓိက ပြောဆို ကြပါတယ်။       ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ  အဲန်ရွာ စုစုပေါင်း ရွာ ၄၀ ရှိပြီး ၂၀၁၇ ခုနှစ် လူဦးရေ စာရင်းအရ    လူဦးရေ   ၃၆၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ 
အဲန်လူမျိုးတွေဟာ ရှမ်းတိုင်း ရင်းသားမျိုးနွယ်ဝင်   အုပ်စုတစ်စု ဖြစ်ပြီး           မြန်မာတိုင်းရင်းသား   ၁၃၅   မျိုးမှာ  စာရင်းဝင်ဖြစ်ပါ တယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်   ပင်းတောက် ကျေးရွာအုပ်စုမှာ    အဲန်လူမျိုးတွေ နေထိုင်တဲ့  နမ့်လင်မိုင်၊   နမ့်လင်း ကောင်၊    ပါးလို့၊    ပါကျော့၊    ပန်လေ၊   ဝမ်နောင်၊  တပ်ထပ်၊    ဝခါးစတဲ့   ကျေးရွာ ခုနစ်ရွာရှိပြီး   မိုင်းလန်းကျေးရွာ            အုပ်စုမှာ တစ်ရွာ၊  မိုင်းခတ်မြို့နယ်မှာ   ၁၃ ရွာ၊ မိုင်းဖြတ်မြို့နယ်မှာ လေးရွာ တွေ့ရှိရပါတယ်။
ယခုအခါမှာ       အဲန်လူမျိုး အများစုနေထိုင်ရာ  ရွာလေးတွေ မှာ     အစိုးရက    ကျောင်းများ၊ ဆေးပေးခန်းများ  ထားရှိဆောင် ရွက်ပေးထားပြီ         ဖြစ်ပေမယ့်  ရှေးရိုးရာ     လူမှုဓလေ့ထုံးစံနဲ့ နေထိုင်မှုတွေကတော့      ကျန်ရှိ နေဆဲဖြစ်ပါတယ်။             ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထက လေ့လာချင်စရာ    ကောင်းတဲ့ အတွက်        ကျိုင်းတုံဒေသသို့ လာရောက်လေ့လာကြစို့  ဖိတ်ခေါ် ရေးသားလိုက်ရပါတယ်။     ။