PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ် ပလမြို့ အမှတ်(၃)ရပ်ကွက်၌ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားနှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့ကို သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်၊ နေအိမ်အားမိုင်းခွဲဖျက်ဆီး

 

နေပြည်တော်    နိုဝင်ဘာ  ၂၆


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလမြို့ အမှတ်(၃)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှ  ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့ကို  PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ပြခြိမ်းခြောက်ယူဆောင်ပြီး နေအိမ် အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



ဖြစ်စဉ်မှာ     ပုလောမြို့နယ် ပလမြို့     အမှတ်(၃)ရပ်ကွက် အောင်သီရိလမ်းရှိ       ရပ်ကွက် အုပ်ချုပ်ရေးမှူး      နေအိမ်သို့ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီ ခွဲတွင်  PDF  အကြမ်းဖက်သမား ၁၀ ဦးခန့် လက်နက်ငယ်ကိုယ်စီဖြင့်  ရောက်ရှိလာပြီး     သော့ခတ်ထား သော    နေအိမ်ဘာဂျာသံတံခါးကို ဖွင့်ပေးရန်နှင့်  မဖွင့်ပါက မိသားစု အားလုံးကို       ပစ်သတ်မည်ဟု သေနတ်ဖြင့်     ခြိမ်းခြောက်၍ ဖွင့်ခိုင်းခဲ့ကြောင်း၊     ထို့နောက် နေအိမ်အတွင်းသို့    ဝင်ရောက်၍ ပရိဘောဂများကို     ရိုက်ခွဲဖျက်ဆီး ကာ  ရွှေထည်ပစ္စည်းမျိုးစုံ အလေး ချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း   ၃၀  ခန့်   တို့ကို ယူဆောင်ပြီး မိုင်းတစ်လုံးဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊      ထို့အပြင် နေအိမ်အတွင်း      လက်လုပ်မိုင်း နှစ်လုံး ထောင်ထားခဲ့ပြီး အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမား များသည်       မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း   သိရှိရ သည်။ 

 


မိုင်းနှစ်လုံးထောင်ထားခဲ့


အထက်ပါ      ဖြစ်စဉ်နေရာသို့ လုံခြုံရေး            တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး  နေအိမ် အတွင်း PDF အမည်ခံ   အကြမ်း ဖက်သမားများ     ထောင်ထားခဲ့ သည့်     မိုင်းနှစ်လုံးကို    လုပ်ထုံး လုပ်နည်းနှင့်အညီ  ဆောင်ရွက်ခဲ့ ကြောင်းနှင့်   အဆိုပါ    PDF အမည်ခံ  အကြမ်းဖက်သမားများ အား  ဖမ်းဆီးရမိနိုင်ရေး   လိုအပ် သော      ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း များ  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း  သတင်းရရှိသည်။

 


သတင်းစဉ်