တာချီလိတ်မြို့၌ ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ  ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့၌   ငွေကျပ်    ၂၈ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ပြောင်းဆေးဝါးများ  ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ     သိရ သည်။

 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော      ပူးပေါင်းအဖွဲ့သည်    နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင်   တာချီလိတ် မြို့  ဆန်ဆိုင်း(က)ရပ်ကွက်ရှိ  မအီရှဲန်ကျွဲ့ ၏  နေအိမ် ကို    သတင်းအရရှာဖွေရာ     ဒေသကာလတန်ဖိုး ငွေကျပ်   ၂၈  ဘီလီယံကျော်တန်ဖိုးရှိ   Ecstasy ဆေးပြား  ၆၁၆၀၀၀၊    စိတ်ပြောင်းဆေးဝါးများ  ရောစပ်ထားသော   အမှုန့် (Happy Water) ၁၁၃  ဒသမ ၀၄ ကီလို၊ Erimin-5 ဆေးပြား  ၃၅၀၀၀  နှင့်  Honda မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့်       မူးယစ်ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ    ဥပဒေအရ    အရေးယူထား ရှိပြီး    ပြစ်မှုကျူးလွန်သူများနှင့်    ဆက်စပ်ပါဝင်သူ များ၏     ငွေကြေးပစ္စည်းများ၊     ပိုင်ဆိုင်မှုများကို      ငွေကြေးခဝါချမှု  တိုက်ဖျက်ရေးဥပဒေအရ     ထပ်မံ အရေးယူနိုင်ရေးနှင့်     ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား     ဖော်ထုတ်ဖမ်းဆီးနိုင်ရေး     စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်