
နေပြည်တော် နိုဝင်ဘာ ၂၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေမြင်တင်အုပ်စု သစ်ပုတ်ကုန်းကျေးရွာ၌ တရား မဝင် သစ်ခွဲသားမျိုးစုံ ၃ ဒသမ ၅၉၈၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၁၉၁၆)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ နိုဝင်ဘာ ၂၄ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက် ခွန်အဖွဲ့က စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်း မရှိသော လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၇၇၂၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မိုးညှင်းမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် အမို နီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင် အစေ့ငယ်များ ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubi-shi Fuso အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရတနာပုံတံတား ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းမှန်လည်ပြတင်းချပ်များ ၄ ဒသမ ၅၂၁၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၈၄၄၅၄)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သာယာဝတီ ခရိုင် သာယာဝတီမြို့နယ် ဂွေးချောင်းလမ်းဆုံ၌ တရားမဝင် မအူသစ်ခွဲသား ၆ ဒသမ ၉၄၃၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၀၆၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၉၉၆၃၆) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်