
နေပြည်တော် နိုဝင်ဘာ ၂၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိ လာသည့် မိုဘိုင်းလ်ဖုန်း အပို ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂၆၆၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အရေးယူဆောင်ရွက်
အလားတူ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ လှည့်ကင်း တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုး-မူဆယ် လမ်းမကြီးဘေး ပန်စုံကျေးရွာအနီး၌ မော်တော် ယာဉ် တစ်စီးပေါ်တွင် တရားမဝင် နံ့သာနီသစ် ၁ ဒသမ ၀၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၀၄၀၀၀၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၀၄၀၀၀၀) ကို သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ မွန်ပြည်နယ် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သောပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကျိုက်ထို မြို့နယ် ကင်မွန်းချောင်းကျေးရွာ အနီး၌ တရားမဝင် သင်္ဂဒူခွဲသား ၀ ဒသမ ၉၀၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သစ်တောဥပဒေနှင့်အရေးယူ
ထို့အပြင် နိုဝင်ဘာ ၂၄ ရက် တွင် နေပြည်တော်ကောင်စီ နယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အတွင်း တရားမဝင် သစ်မျိုးစုံ ၅ ဒသမ ၁၅၄၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၃၁၇၁) ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
၎င်းအပြင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူပင် နိုဝင်ဘာ ၂၅ ရက်တွင် ကရင်ပြည်နယ် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက် စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
တရားမဝင်ကျွန်းသစ်ဖမ်းမိ
ဆက်လက်၍ ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် နှင့် သာယာဝတီခရိုင်တို့အတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ၇၈၄၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၁၂၅၂) ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၆၀၇၄၂၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်