
နေပြည်တော် နိုဝင်ဘာ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၂၅၁၀၇၂)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၀၈၀၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၆၄၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)ကို လည်း ကောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင် မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်နှစ်စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ဆိပ်ကမ်းများတွင် တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည် များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရား ဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် HP Laptop (အဟောင်း) လေးလုံးအပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀)ကို လည်း ကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမို ပါရှိလာသော စတီးပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇၆၀၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ပိတ်လိတ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၅၀၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၁၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်အတွင်း တရား မဝင်သစ်မျိုးစုံ ၅၁ ဒသမ ၆၁၈၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၉၇၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ် အမှတ်(၈)ရပ်ကွက် တလုပ်ကုန်းရွာအနီး၌ တရားမဝင်ကျွန်းခွဲသား ၄၉ ဒသမ ၂၁၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၄၈၀၈၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်နှင့် ပျဉ်းကတိုးခွဲသား ၆ ဒသမ ၀၅၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၆၈၃၂)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ နိုဝင်ဘာ ၂၄ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း တရားမဝင် သစ်မျိုးစုံ ၆ ဒသမ ၉၇၆၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၂၆၀၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း ၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဂက်(စ်)မီးဖို အလုံး ၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၂၁၀၂၃၆ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်