စစ်ကိုင်းမြို့နယ် ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား ခြိမ်းခြောက်လုယက်ယူဆောင်

 

နေပြည်တော်    နိုဝင်ဘာ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်း မြို့နယ်  ကင်းကျေးရွာ၌   PDF အမည်ခံ       အကြမ်းဖက်အဖွဲ့က “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော် ကြီးသင်       ပညာရေးကျောင်းသို့ ဝင်ရောက်ကာ  ငွေနှင့်  မော်တော် ယာဉ်များအား      ခြိမ်းခြောက် လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက်   မွန်းလွဲ  ၁  နာရီတွင်     စစ်ကိုင်း တိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ် ကင်းကျေးရွာရှိ   “တိက္ခဇေယျာ” ထိုင်ဝမ်          ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့       PDF အမည်ခံ     အကြမ်းဖက်သမားများ က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိ လာပြီး    ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသာမိ၏        အခန်း အတွင်းရှိ    စားပွဲပေါ်မှ    လက်ဆွဲ အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် သိန်း ၃၀၀ နှင့်   ဘုန်းကြီးကျောင်း တွင်   ရောက်ရှိနေသည့်  ဒေါ်အုန်း (၇၂ နှစ်)၊     ဒေါ်သန်း (၆၁ နှစ်)၊ ဒေါ်ကျင်စော     (၆၀ နှစ်)   နှင့် ဒေါ်သူဇာဝင်း     (၄၃ နှစ်)   တို့၏ လက်ကိုင်ဖုန်း       လေးလုံးတို့ကို လုယက်ယူဆောင်ပြီး     ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

 


အဆိုပါ    အကြမ်းဖက်သမား များသည်  မွန်းလွဲ ၂ နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့  ထပ်မံ ရောက်ရှိလာပြီး    ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း      ရပ်ထား သည့်    ယာဉ်အမှတ်    RLG/--- ALPHARD မော်တော်ယာဉ်အား လုယက်ယူဆောင်  မောင်းနှင်သွား ခဲ့ကြောင်း သိရှိရသည်။

 


ထိုသို့  ဘုန်းတော်ကြီးကျောင်း အတွင်း    ဝင်ရောက်ကာ     ငွေ၊ လက်ကိုင်ဖုန်းများနှင့်    မော်တော် ယာဉ်အား     လုယက်ယူဆောင် သွားသည့်  အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေ နှင့်အညီ             အရေးယူနိုင်ရေး နယ်မြေခံ    လုံခြုံရေးတပ်ဖွဲ့ဝင်များ က    လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ       ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်