တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းမှ ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ    ၂၄ 


တာချီလိတ်မြို့နယ်တွင်  စိတ်ကြွ ရူးသွပ်ဆေးပြား    ထုတ်လုပ်သည့် စခန်းမှ     ငွေကျပ်  ၂  ဒသမ  ၁၁ ဘီလီယံကျော်တန်ဖိုးရှိ    မူးယစ် ဆေးဝါးနှင့်     လက်နက်ခဲယမ်း များ        ဖမ်းဆီးရမိကြောင်း        မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့မှ       သိရ သည်။

 


စစ်ဆေးဖော်ထုတ်


လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင် သော  ပူးပေါင်းအဖွဲ့သည် သတင်း အရ   နိုဝင်ဘာ ၁၂ ရက်   နံနက် ၆ နာရီတွင် ရှမ်းပြည်နယ်    (အရှေ့ ပိုင်း)           တာချီလိတ်မြို့နယ် လွယ်တော်ခမ်း       ကျေးရွာအုပ်စု တစ်ရာကုတ်       ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ် သည့်စခန်းကို  ဝင်ရောက်စီးနင်း ရှာဖွေရာ ကျော်စိန်၊  ကျားယော်၊ ကျကော့၊   ကျလော၊      ကျကျိုး၊ ဒါယေလ၊  အိုက်ရီ(ခ)ကျိုင်းရီနှင့် ကျယု တို့  ရှစ်ဦးအား  ဒေသကာလ တန်ဖိုး   ငွေကျပ်  ၂  ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ       စိတ်ကြွ ရူးသွပ်ဆေးပြား    ၂   ဒသမ  ၇၃၃ သန်း       စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊    ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း၂၉  ကီလို၊  AK-47 သေနတ် နှစ်လက်၊  ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် တစ်လက်၊  ၎င်း ကျည် ငါးတောင့်၊ ပွိုင့်-၂၂ သေနတ် တစ်လက်၊   ၁၂   ဗို့    ပြောင်းရှည် သေနတ်     တစ်လက်၊     စိတ်ကြွ ရူးသွပ်ဆေးပြား    ထုတ်လုပ်သည့် ဆေးပြားရိုက်စက်      တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ        တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး      စစ်ဆေးဖော် ထုတ်ချက်အရ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင်  တာချီလိတ် မြို့နယ်     လွယ်တော်ခမ်းကျေးရွာ အုပ်စု ရေပူစမ်းကျေးရွာရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား    ထုတ်လုပ်သည့် စခန်းပိုင်ရှင်  ဘောဇ(ခ)ဘောစနှင့် ဂျိုးဇက် (ခ)ကဲဘာ တို့၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၃၆၀၊ စိတ်ကြွဆေးပြား      ထုတ်လုပ်ရာ တွင်    အသုံးပြုသည့်    မွှေစက် အသေး   တစ်လုံး၊    ကျကော့  ၏ နေအိမ်မှ       စိတ်ကြွရူးသွပ်ဆေး ၇၃၉၂ ပြား၊    စိတ်ကြွဆေးအကြေ မှုန့်   ၇၀၀   ဂရမ်တို့    ထပ်မံသိမ်း ဆည်းရမိခဲ့သဖြင့်      ၎င်းတို့အား ဥပဒေအရ      အရေးယူထားရှိပြီး မူးယစ်ဆေးဝါး     ထုတ်လုပ်သယ် ဆောင်ရောင်းဝယ်သူများ ပိုင်ဆိုင် သည့်      ငွေကြေးအကျိုးအမြတ် များနှင့်   ပိုင်ဆိုင်မှုများကို  ပြည်သူ့ ဘဏ္ဍာအဖြစ်   သိမ်းဆည်းနိုင်ရေး နှင့်       ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား    ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း     သိရ သည်။         

သတင်းစဉ်