လယ်ဝေး နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ လယ်ဝေး မြို့နယ် အေလာ(အ.ထ.က) သို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ အား ကစားပစ္စည်းများ ပေးအပ်လှူဒါန်း ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသက်လွင်ဦးနှင့် တိုင်း ဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ များ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က အမှာစကား ပြောကြားရာတွင် ထူးချွန်ထက် မြက်သော ရွက်ပုန်းသီး အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးတို့ကိုရည်ရွယ်၍ အားကစားပစ္စည်းများ ပေးအပ်ရခြင်း ဖြစ်ကြောင်း၊ သို့မှသာ အားကစားကို စိတ်ပါ ဝင်စားသူများပြားလာပြီး ကျန်းမာ ကြံ့ခိုင်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ လူတစ်စုအားကစားမှ လူထု အားကစားသို့ ဖြစ်အောင် အဘက်ဘက်မှ ကြိုးပမ်း အားထုတ်လျက်ရှိရာ ပြည်သူ လူထုအားလုံးက အတူလက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်ထောင်စုနယ်မြေ အားကစား နှင့် ကာယပညာဦးစီးဌာနအနေ ဖြင့် နွေရာသီအားကစားသင်တန်း များကို ဖွင့်လှစ်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် နေပြည် တော်ကောင်စီ ကိုယ်စားပြု ယှဉ်ပြိုင်ရာ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၅ ခု ရရှိခဲ့သည်ကိုလည်း မှတ်တမ်းတင် ပါကြောင်း၊ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး အားကစားလောက ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အား ကစားစိတ်ဓာတ် ရင့်သန်ခိုင်မာ စေရေး၊ နိုင်ငံတော်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး တို့အတွက် ထူးချွန်ထက်မြက် သည့် အားကစားသမားကောင်း များ ပေါ်ထွန်းလာစေရေးတို့ အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူ များက အေလာ (အ.ထ.က) သို့ အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်မေယဉ်မွန်က လက်ခံရယူ ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ကျောင်းသား ကျောင်း သူလေးများက မြန်မာ့သိုင်း၊ Fitness Dance နှင့် လမ်းလျှောက် ကြမယ် သီချင်းများဖြင့် တင်ဆက် ဖျော်ဖြေရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ဝေကြည်(ပြန်/ဆက်)



