ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်  နိုဝင်ဘာ  ၂၂


မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊   တရား ဥပဒေစိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များ နှင့်ပတ်သက်၍   ပရိသတ်များ၏  ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏    “ပြည်သူ့ကြားက  ပြည်သူ့စကား”    အစီအစဉ်မှ “ဘယ်လိုဖျက်ဖျက်  မပျက်တဲ့တန်ဆောင်တိုင်”      ခေါင်းစဉ်ဖြင့် နိုဝင်ဘာ  ၂၃  ရက်  မွန်းလွဲ ၁ နာရီတွင်   ထုတ်လွှင့်တင်ဆက်ပေးမည် ဖြစ်သည်။

 

 
လာမည့်အပတ်  ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်  “ပေသောင်ရွာ လူသတ်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်     ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ်   ကြာသပတေး နေ့   နံနက်  ၁၀  နာရီမှ  ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊ နေရပ်လိပ်စာ၊   အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ် ရမည့်    ဖုန်းနံပါတ်တို့ကို   Message  ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်း နှင့်     ပါဝင်လာသည့်   ပရိသတ်များ၏ဖုန်းနံပါတ်များနှင့်   ကိုယ်ရေး အချက်အလက်များအား   လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း    သိရ သည်။    

                            
သတင်းစဉ်