နေပြည်တော် နိုဝင်ဘာ ၂၂
ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဒုတိယ အကြိမ် အာဆီယံဒစ်ဂျစ်တယ် ပြည်သူ့ကျန်းမာရေး ကွန်ဖရင့်(The 2nd ASEAN DIGITAL PUBLICHEALTH CONFERENCE)ကို ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်း နိုင်ငံ Empire ဟိုတယ်၌ Hybrid method ဖြင့် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ဘရူနိုင်း နိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီး(၂) Mr. Pehin Dato Abdul Rahman က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Lim Jock Hoi က အဖွင့် မိန့်ခွန်းပြောကြားကြသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေး ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ဘရူနိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကျန်းမာရေး ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများပါဝင်သော Build-ing a Resilient ASEAN ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အာဆီယံ နိုင်ငံများ၏ နိုင်ငံအလိုက် အောင်မြင်မှု၊ တွေ့ကြုံရ သည့် အခက်အခဲများ၊ အနာဂတ် ဦးစားပေးအစီအစဉ် များနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများနှင့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များကို တုံ့ပြန်နိုင်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှတ်တမ်း (Covid-19 Vaccina-tion Certificate) အား VMIS စနစ်ဖြင့် အာဆီယံ Digital Portal တွင် ထည့်သွင်းခဲ့ပြီး အာဆီယံနိုင်ငံ များအားလုံးမှ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး မှတ်တမ်းအား စိစစ်နိုင်ခဲ့မှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဆောင်ရွက်ခဲ့မှု ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်းနိုင်ငံများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူ့ ကျန်းမာရေးအရေးပေါ်တုံ့ပြန်မှု အစီအစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ပလက်ဖောင်းအသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ မျှဝေခြင်းဖြင့် ကပ်ရောဂါတုံ့ပြန်ရေးအစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ကွန်ဖရင့်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက် အထိ ကျင်းပရာ အာဆီယံနိုင်ငံများမှ ဘာသာရပ် ဆိုင်ရာပညာရှင်များက ဒစ်ဂျစ်တယ်ပြည်သူ့ကျန်းမာ ရေး ကိစ္စရပ်များကို အစီအစဉ်အလိုက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်



