တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းနှင့် ယန္တရားအပိုပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ  ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈  ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  သတင်းအရစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်း တရားဝင်တင်သွင်းခွင့်   စာရွက်စာတမ်း  အထောက်အထား  တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့်  ဆေးဝါးများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၇,၂၁၄,၄၆၄) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။ 
အလားတူ ရှမ်းပြည်နယ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ကျိန်စမ်းကျော့ နယ်စပ်ဂိတ်အနီးတွင် မော်တော်ယာဉ်  တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည် ထက်   ပိုမိုတင်ဆောင်လာသော  စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန် ပစ္စည်းမျိုးစုံ၊   မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများနှင့်   ယန္တရားအပို ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၇၃၁,၃၈၄) ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 
ယင်းအပြင် နိုဝင်ဘာ ၁၉  ရက် နှင့် ၂၀ ရက်တို့တွင် အကောက်ခွန် ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌  တာဝန်ကျစစ်ဆေးရေးအဖွဲ့က ခရီးသည်ဝန်စည်များအား စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်  ကွန်ပျူတာဆက်စပ်ပစ္စည်းများနှင့်  မိုဘိုင်းလ်ဖုန်း (အဟောင်း) ၄၇  လုံး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၇၀၀,၀၀၀) ကို   သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ   နိုဝင်ဘာ  ၂၁  ရက်တွင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်  (တံတားကျိုး)  စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော    မော်တော်ယာဉ်တစ်စီးပေါ်၌    တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့်        ဆိုင်ကယ် တာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၀,၀၀၀) ကို လည်းကောင်း၊ မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျပူးပေါင်းအဖွဲ့က တရားဝင် စာရွက်စာတမ်း   အထောက်အထား  တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း မရှိသည့်  စက်ဘီး (အဟောင်း) အစီး ၁၅၀၊ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၉၄,၀၅၀)  ကိုလည်းကောင်း၊  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၄၄,၀၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး    သစ်တောဦးစီးဌာနဦးဆောင်သော  ပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   တောင်ငူခရိုင်နှင့်   ညောင်လေးပင်ခရိုင်တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့်  သစ်မာ  ၆၈ ဒသမ ၇၈၉၂  တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆,၁၅၃,၉၈၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
 သို့ဖြစ်ပါ၍   နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ရှစ်မှု၊ (ခန့်မှန်းတန်ဖိုး            ငွေကျပ်   ၁,၁၉၂,၈၄၃,၈၈၀)  ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်