နေပြည်တော် နိုဝင်ဘာ ၂၂
ဆောက်လုပ်ရေး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် နည်းပညာဆိုင်ရာ သုတေ သန စာတမ်းဖတ်ပွဲတွင် စာတမ်း ဖတ်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်နှင့် ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ)သို့ တက်ရောက် ပြီး ဆုရရှိသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းနှင့် မိတ်ဆုံညစာ စားပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော် ဆောက် လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ ဌာနကြီးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ စာတမ်းရှင်များ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်နှင့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)သို့ တက်ရောက်ပြီး ဆုရရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမျိုးသန့်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများအားလုံး တက်ညီ လက်ညီနှင့် ပြည်သူများ၏ လိုအပ် ချက်ဖြစ်သော လမ်း၊ တံတား၊ အဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြု မှတ်တမ်းတင်အပ် ပါကြောင်း။
ဝန်ထမ်းအချင်းချင်း စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် တက်ညီလက်ညီ ဆောင်ရွက် မှသာလုပ်ငန်းများ အောင်မြင်မည် ဖြစ်သည့်အတွက် မိသားစုသဖွယ် စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ် သည့်အတွက် မည်သို့သော အခက်အခဲများ ကြုံတွေ့စေကာမူ နိုင်ငံတော်နှင့် ပြည်သူ့မျက်နှာကို ရှေးရှုပြီး ပါတီနိုင်ငံရေးကင်းရှင်းစွာ ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း၊ မိမိတို့ အစဉ်အဆက်ဆောင်ရွက်ခဲ့သည့် နည်းစနစ်ကောင်းများ၊ အစဉ် အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကာ မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်းပေး ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာအခန်းကဏ္ဍမှ လုပ်ငန်းများ တိုးတက်အောင်မြင် အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
နှစ်ပတ်လည် အခါသမယတွင် အနှစ်သာရဖြစ်စေမည့် နည်းပညာ ဆိုင်ရာ စာတမ်းဖတ်ပွဲများကို နှစ်ရက်တိုင်တိုင် ကျင်းပပြီး ရရှိလာသည့် ဝန်ကြီးဌာနအတွက် အသုံးဝင်သော သုတေသနဆိုင်ရာ အချက်အလက်များကို ဒေသ အသီးသီးမှာရှိသည့် လုပ်ငန်းခွင် များတွင် ရောက်ရှိကျင့်သုံး နိုင်ရန် သက်ဆိုင်ရာဌာန အကြီးအကဲများက ဝိုင်းဝန်းပံ့ပိုး ပေးကြရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ဆောက်လုပ်ရေး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နည်းပညာ ဆိုင်ရာ သုတေသနစာတမ်းဖတ် ကြားသူများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်နှင့် ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ) တို့တွင် ထူးချွန် ဆုရရှိခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ပြီး မိတ်ဆုံညစာစားပွဲကို အတူ တကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



