
နေပြည်တော် နိုဝင်ဘာ ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကမ်းခြေစောင့်တိုက်ရေယာဉ် ၁၁၄ မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကားယားကျွန်းအနောက် မြောက်ဘက် ၁ ဒသမ ၉ မိုင်ခန့်အကွာ၌ စက်လှေ တစ်စင်းပေါ်မှ တရားမဝင် သစ်မျိုးစုံ ၅ ဒသမ ၁၀၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၆၀၅၀) နှင့် အဆိုပါ သစ်များ တင်ဆောင်လာသော စက်လှေတစ်စင်းနှင့် စက်လှေပါဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၁၆၀၅၀)ကို သစ်တောဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်မြို့ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည် တင် မော်တော်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော မီးသွေးအိတ် ၄၅ အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၅၀၀)ကို သစ်တောဥပဒေအရ လည်း ကောင်း၊ ထိုင်းနိုင်ငံထုတ်မုန့်မျိုးစုံ ကီလိုဂရမ် ၁၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀)နှင့် အဆိုပါ မီးသွေးအိတ်များနှင့် မုန့်မျိုးစုံများ တင်ဆောင်လာ သော Mitsub Shi Fuso အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်း ကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၈၆၇၅၀၀)ကို ဖမ်းဆီးအရေး ယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း များ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ကြမ်းခင်းကော်ဇော ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်၆၃၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ နိုဝင်ဘာ ၁၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Roller Bearing Model ဆိုဒ်မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၅၉၄၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၁၉ ရက် တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက တောင်ငူ ခရိုင်အတွင်း၌ တရားမဝင်သစ်မျိုးစုံ ၆ ဒသမ ၅၀၃၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၉၅၂၀)ကိုသစ်တော ဥပဒေအရ လည်းကောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဝေါမြို့နယ် မှုံကတုံးကျေးရွာအတွင်း၌ လိုင်စင်မဲ့ Daihatsu Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၈၉၅၂၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၄၆၇၀၇၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်