(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် နိုဝင်ဘာ  ၁၉ 


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က     ကြီးမှူး ကျင်းပသည့်  (၁၀၄)  ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့  မွန်းတည့်  ၁၂ နာရီတွင်    ရွှေတိဂုံစေတီတော် ရင်ပြင်   ရာဟုထောင့်အောင်မြေ ရှိ     ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

 


အခမ်းအနားသို့ ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး များ၊     စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတို့မှ စာလျှောက်မေးပွဲ     ဝင်ရောက် ဖြေဆိုရန် ကြွရောက်တော်မူလာ ကြသည့်    စာဖြေသံဃာတော် များ     ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊       အလှူရှင် ဧည့်ပရိသတ်များ       တက်ရောက် ကြည်ညိုကြသည်။

 


ထို့နောက် နိုင်ငံတော်ဩဝါဒါ စရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါ စရိယ   ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်  ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာ ဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များ နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။

 


ယင်းနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ   စာလျှောက် မေးပွဲကျင်းပရေး   ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဘိုးသင်းက အဖွင့်စကား လျှောက်ထားသည်။

 


ထို့နောက်    စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲ   ဩဝါဒါစရိယ   တိပိဋက ရွေးချယ်ရေးအဖွဲ့   ဩဝါဒါစရိယ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရ ဒါဘိဝံသထံမှ စာလျှောက်မေးပွဲ နှင့် စပ်လျဉ်း၍   ဩဝါဒါခံယူကြ သည်။

 


စေတိယင်္ဂဏ  ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက်ကာလ မှစ၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း     ဂေါပကအဖွဲ့က တာဝန်ယူ   ကျင်းပခဲ့ရာ  ယခုဆို (၁၀၄)ကြိမ်မြောက်ရှိပြီဖြစ်သည်။

 


ယခင် (၁၀၃) ကြိမ်မြောက် စာလျှောက်မေးပွဲတွင်    သီးခြား စာချတန်းမှ သုံးပါးနှင့် သီးခြား စာသင်တန်းမှ နှစ်ပါး စုစုပေါင်း သံဃာတော် ငါးပါးတို့ အောင်မြင် တော်မူခဲ့ကြသည်။ ယခုနှစ် (၁၀၄)ကြိမ်မြောက် စာလျှောက်မေးပွဲကို ယနေ့မှ နိုဝင်ဘာ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ သီးခြားစာချ တန်း၌ အပါး ၃၀၊ သီးခြားစာသင် တန်းမှ ၁၈၉ ပါး စုစုပေါင်း ၂၁၉ ပါးတို့  စာရင်းပေးသွင်းထားကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်
ဓာတ်ပုံ - ကိုကိုဇော်(MNA)