တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ ၁၉


တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်  ငရုတ်ကောင်း မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု ၍ ဒေသခံပြည်သူ ၉၄၂ ဦးကို ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ    ဆက်လက်ဆောင် ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၂၈ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ  ၄၈  ဦး၊   ကလေး ရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၈၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၃၉ ဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၆၇ ဦး စုစုပေါင်း ၉၄၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ   ဆောင်ရွက်ပေးသည်။   ထို့ အပြင်  ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ တစ်ဦး၊ မျက်စိခွဲစိတ်လူနာ  ၁၁  ဦးတို့ကို ခွဲစိတ်ကုသမှုများ   ဆောင်ရွက် ပေးပြီး     အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေ  စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး     ဆေးရုံတက်ရောက် ကုသရန်   လိုအပ်သည့်   လူနာ များကို    နီးစပ်ရာတပ်မတော် ဆေးရုံနှင့်  ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး     စီစဉ် ဆောင်ရွက်    ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။            

 

သတင်းစဉ်