သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

 

ရန်ကုန်  နိုဝင်ဘာ    ၁၈


၁၃၈၄ ခုနှစ်  မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက်    သက်ကြီးစာပေပညာရှင်များ     ပူဇော် ကန်တော့ပွဲအတွက်        မြန်မာနိုင်ငံ       စာရေးဆရာအသင်းသို့ စေတနာရှင်များ က    အလှူငွေများ    ဆက်လက်လှူ ဒါန်းကြရာ        ဗိုလ်ချုပ်ဌေးဦး(ငြိမ်း)ပြည်ထောင်စုဝန်ကြီး  (ငြိမ်း)-ဒေါ်နီနီ ဝင်းမိသားစုက  သက်ကြီးစာပေပညာရှင် ၂၄၇ ဦးအတွက် တစ်ဦးလျှင်  ငွေကျပ် တစ်သောင်းနှုန်းဖြင့်   အလှူငွေကျပ် ၂၄၇ဝဝဝဝ ၊       ဒေါက်တာ ထွန်းမောင်  (သွားဆရာဝန်)     ချမ်းအေး သာစံမြို့နယ်က           ငွေကျပ်သုံးသိန်း၊      ဆရာစိုးတင့်     (ဧရာဝတီ)   မိသားစုက ငွေကျပ်   နှစ်သိန်း၊    အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ   ဦးစိုးဝင်း (တက္ကသိုလ် စိုးယဉ်) -  စာရေးဆရာမ (မလေးယဉ်)      မိသားစုက  ငွေကျပ် တစ်သိန်း၊  ဆရာမ လေးခင်(တော်ဝင်ပန်း) တောင်ဥက္ကလာပ မြို့နယ်က ငွေကျပ်   ၇၉ဝဝဝ၊   ကလော မြို့နယ်        စာရေးဆရာအသင်းက ငွေကျပ်ခုနစ်သောင်း။

 


ကျောက်တန်းမြို့နယ်  စာရေးဆရာ အသင်းက  ငွေကျပ်   ခြောက်သောင်း၊     ဆရာကြယ်နီလေး        (ဥပဒေ)လှိုင် မြို့နယ်၊     မုံရွာမြို့နယ်     စာရေးဆရာ အသင်းနှင့်       တာမွေမြို့နယ်စာရေး ဆရာအသင်းတို့က    ငွေကျပ်ငါးသောင်း စီ၊    စာရေးဆရာမ   သက်ဦးခင်၊  မဲခေါင် စာပေဆုရ      ဦးဖေသန်း(နေမင်းသန်း)၊ မုံရွာမြို့နယ်      စာရေးဆရာအသင်း ဥက္ကဋ္ဌဦးညွန့်စိုး        (ရွှေရည်စိုး)နှင့် မြန်အောင်မြို့နယ်       စာရေးဆရာအသင်း တို့က    ငွေကျပ်သုံးသောင်းစီ၊  သန်လျင် မြို့နယ်      စာရေးဆရာအသင်းနှင့် လှိုင်သာယာ     (အနောက်ပိုင်း)မြို့နယ်    စာရေးဆရာအသင်းတို့က      ငွေကျပ် နှစ်သောင်းစီ၊  ဒေါ်ယဉ်မြိုင်(မိုးပန်းမွန်-ရာမည) ကို     ရည်စူး၍    ဦးထွန်းရီ (ဒေါပုံမြို့နယ်)   မိသားစုက    ငွေကျပ် ခြောက်သိန်းတန်ဖိုးရှိ      စာအုပ်များ    ပေးအပ်လှူဒါန်းကြရာ  အသင်းဥက္ကဋ္ဌ  ဦးအုန်းမောင်       (မြင်းမူမောင်နိုင်မိုး)၊  အတွင်းရေးမှူး          ဦးညွန့်တင်  (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)  နှင့် တာဝန်ရှိသူများက       လက်ခံရယူပြီး   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အလှူငွေဖြစ်စေ၊    အလှူပစ္စည်း ဖြစ်စေ  လှူဒါန်းလိုပါက   မြန်မာနိုင်ငံ စာရေးဆရာအသင်း၊   အမှတ်   (၁၇၃/ ၁၇၅)   ပန်းဆိုးတန်းလမ်း    (အလယ်) ကျောက်တံတားမြို့နယ်၊  ရန်ကုန်မြို့။ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆  သို့      ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။                        

 

သတင်းစဉ်