ဘားအံမြို့နယ် မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ငါးဦးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်   နိုဝင်ဘာ   ၁၈


ကရင်ပြည်နယ်  ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ       အပြစ်မဲ့ ပြည်သူများကို  နိုဝင်ဘာ ၁၇ ရက် တွင်  PDF အမည်ခံ  အကြမ်းဖက် သမားများက       အကြောင်းမဲ့ လာရောက်   ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းကြောင့်       ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်  အမျိုးသား နှစ်ဦးတို့  သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


ဖြစ်စဉ်မှာ  မိကရင်ကျေးရွာနေ ဒေါ်စန်းအေး၊ (၈)နှစ်အရွယ် သမီး ဖြစ်သူ မခိုင်စံပယ်ခင်၊   (၁၀)နှစ် အရွယ်သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး၊ သားဖြစ်သူ မောင်စောအောင်မြင့် ထွန်းနှင့်  နေအိမ်သို့    အလည် အပတ်ရောက်ရှိနေသူ  စောအောင် ကျော်မြင့်တို့သည်         နေအိမ်၌ ရှိနေစဉ်  ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင်  PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ဖျံ တောင်ဘက်မှ  မော်တော်ယာဉ် နှစ်စီးဖြင့်        ရောက်ရှိလာပြီး အကြောင်းမဲ့  ပစ်ခတ်သတ်ဖြတ် ခဲ့ကာ        လာရာလမ်းအတိုင်း ပြန်လည်    မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊    ထိုကဲ့သို့ PDF အမည်ခံ     အကြမ်းဖက်သမား များ၏       အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့်   မခိုင်စံပယ် ခင်၊   မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့မှာ အခင်း ဖြစ်ပွားရာနေရာ၌ပင် ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး  ဒေါ်စန်းအေးနှင့်  မပြည့်ပြည့်ဖြိုးတို့မှာ  ထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း   သိရှိရသည်။

 


ဖမ်းဆီးရမိရေး ဆောင်ရွက်


ဖြစ်စဉ်တွင်  သေဆုံးခဲ့သူများ ကို  ဘားအံမြို့ရှိ   ပြည်သူ့ဆေးရုံ သို့   ပို့ဆောင်ပေးခဲ့ပြီး   ဒဏ်ရာ ရရှိခဲ့သူများအား           နယ်မြေခံ တပ်မတော်ဆေးရုံသို့  ပို့ဆောင်၍ လိုအပ်သည့်  ဆေးဝါးကုသပေးမှု များ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်လျက်ရှိသည့်  ဒေသခံ ပြည်သူများအား      အကြောင်းမဲ့ ရက်စက်စွာ    သတ်ဖြတ်ခဲ့သည့် PDF အမည်ခံ  အကြမ်းဖက်သမား များအား   အမြန်ဆုံးဖမ်းဆီးရမိ နိုင်ရေး      လုံခြုံရေးတပ်ဖွဲ့ဝင် များက   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း      သတင်းရရှိ သည်။                      

သတင်းစဉ်