တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် စက်လှေများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   နိုဝင်ဘာ    ၁၇
တရားမဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီ၏     ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို      ဥပဒေနှင့်အညီ     ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး       ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်တွင်     အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်      တာဝန်ကျ     စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊     လေဆိပ်ကုန်လှောင်ရုံ၌    ကုန် သေတ္တာတစ်လုံးအတွင်းမှ VPA ရက်  ၆၀ ကျော်လွန် နေသော SILICON DIOXIDE (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၄၁၉၄)ကို      လည်းကောင်း၊     အေးရှားဝေါလ် ကုန်သေတ္တာ      စစ်ဆေးရေးစခန်း၌    ကုန်သေတ္တာ တစ်လုံးအတွင်းမှ  ပိုင်ရှင်က  စွန့်လွှတ်ကြောင်းတင်ပြ လာသော Laminated Safety Glass  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၀၀၀၀၀)ကို    လည်းကောင်း၊     မြန်မာ စက်မှုဆိပ်ကမ်း       ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ  နှစ်လုံးအတွင်းမှ   သွင်းကုန်ကြေညာ လွှာ(ID) တွင်     ကြေညာထားခြင်းမရှိသော     Iron Roller များအပါအဝင်    ကုန်စည်လေးမျိုး    (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၈၀၀၀၀)နှင့်     သွင်းကုန်ကြေညာ လွှာ(ID) တွင်   ကြေညာထားသည်ထက်  ပိုမိုပါရှိလာ သော   Paint   Brush   များအပါအဝင်    ကုန်ပစ္စည်း လေးမျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊      မြဝတီ - ဘားအံ - ရန်ကုန်သွား ကားလမ်း   ပဲခူးစက်မှုဇုန်ရှေ့၌  မော်တော်ယာဉ်တစ်စီး ပေါ်မှ  သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက်   ပိုမိုပါရှိလာသော Easy Chair များအပါ အဝင်     ကုန်စည်သုံးမျိုး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၄၁၆၀၀)   နှင့်   အဆိုပါကုန်စည်များတင်ဆောင် လာသော CHENG  LONG အမျိုးအစားမော်တော်ယာဉ် တစ်စီးနှင့်   နောက်တွဲယာဉ်တစ်တွဲ   (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၅၀၀၀၀၀၀၀)ကို   လည်းကောင်း   စုစု ပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ်    ၉၀၈၁၅၇၉၄  ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ      ကချင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်     ပူးပေါင်းစစ်ဆေးရေးအဖွဲ့က    သတင်းအရ စစ်ဆေးမှုများ     ဆောင်ရွက်ခဲ့ရာ    ဗန်းမော်မြို့နယ် မြလယ်ကျေးရွာအနီး   ဧရာဝတီမြစ်အတွင်း    တရား မဝင်ရွှေတူးဖော်နေသော စက်လှေ ၁၀ စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၈၀၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊  မိုးညှင်းမြို့နယ်    ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး၊  မြို့မပျိုး ဥယျာဉ်အနီး၌    မော်တော်ယာဉ်တစ်စီးပေါ်မှ   တရား မဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ်များ၊ ကျွန်းတံခါးချပ်အစိတ်အပိုင်းများ  ၃ ဒသမ ၄၆၅၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၈၈၄၂၈)နှင့်      အဆိုပါသစ်တော ထွက်ပစ္စည်းများ    တင်ဆောင်လာသော   မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၀၀၀၀၀၀) ကို  သစ်တောဥပဒေအရလည်းကောင်း၊   မြစ်ကြီးနား မြို့နယ်   အောင်မြကျေးရွာအနီးတွင်  မော်တော်ယာဉ် သုံးစီးပေါ်မှ     တရားမဝင်သစ်မျိုးစုံ     (ခန့်မှန်းတန်ဖိုး ငွေကျပ်     ၁၂၈၉၅၆၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး(ခန့်မှန်း တန်ဖိုးငွေကျပ်  ၄၅၀၀၀၀၀၀)ကို  သစ်တောဥပဒေအရ လည်းကောင်း    စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၅၇၇၉၈၈    ကို      ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ  နိုဝင်ဘာ ၁၇ ရက်တွင်  စစ်ကိုင်းတိုင်း ဒေသကြီး    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော          ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ     အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်    ရွှေဘို-မြစ်ကြီးနား  ကား လမ်းမပေါ်၌    လိုင်စင်မဲ့ CANDA 125  အမျိုးအစား မော်တော်ဆိုင်ကယ်နှစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်      ပဲခူးတိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာန     ဦးဆောင် သော   ပူးပေါင်းစစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင် ၊   ညောင်လေးပင်ခရိုင် နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်  ကျွန်းသစ်နှင့် သစ်မာ ၈ ဒသမ ၁၆၀၀ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃၄၄၈၈)ကို    ဖမ်းဆီးရမိခဲ့ပြီး    သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍    နိုဝင်ဘာ  ၁၅ ရက်နှင့် ၁၇ ရက်တို့ တွင်  ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ    အမှုတွဲ ၃၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၂၂၀၂၈၂၇၀ )    ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး           ဦးဆောင် ကော်မတီမှ သိရသည်။                        သတင်းစဉ်