ရခိုင်ပြည်နယ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား အကျဉ်းသူ ၁၉၄ ဦး လွတ်မြောက်

 

စစ်တွေ  နိုဝင်ဘာ  ၁၇


ပြည်ထောင်စုသမ္မတ    မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံး၏  အမိန့်အမှတ် ၇၀/ ၂၀၂၂ ဖြင့် ယနေ့ မြန်မာသက္က ရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (အမျိုးသား အောင်ပွဲနေ့) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၏ လွတ်ငြိမ်းခွင့်အမိန့်ဖြင့်    ရခိုင် ပြည်နယ်အတွင်းရှိ   အကျဉ်း ထောင်အသီးသီးမှ  အကျဉ်းသား အကျဉ်းသူ ၁၉၄ ဦး လွတ်မြောက် ကြောင်း သိရသည်။

 


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း      လပြည့်ကျော်  ၁၀  ရက်  (ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ   ၁၇   ရက်နေ့တွင် ကျရောက်သည့်       အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုသောအား ဖြင့်လည်းကောင်း၊   လူသားချင်း စာနာထောက်ထားမှုကို အလေး ထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည်   အကျဉ်း ထောင်အသီးသီးတွင်   ပြစ်ဒဏ် ကျခံနေကြရသော    နိုင်ငံသား အကျဉ်းသား အကျဉ်းသူများကို နောက်တစ်ကြိမ်     ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ  ဆက်လက်ကျခံပါမည် ဟူသော     စည်းကမ်းသတ်မှတ် ချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ 

 


ထိုသို့  လွတ်ငြိမ်းခွင့်ပေးရာ တွင်    စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၆၂ ဦး၊ အကျဉ်းသူ ကိုးဦး၊ ကျောက်ဖြူအကျဉ်းထောင် မှ အကျဉ်းသား ၃၀ ၊  အကျဉ်းသူ တစ်ဦး၊  ဘူးသီးတောင်အကျဉ်း ထောင်မှ အကျဉ်းသား ၁၆ ဦးနှင့် သံတွဲအကျဉ်းထောင်မှ  အကျဉ်း သား ၇၄ ဦး၊ အကျဉ်းသူနှစ်ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်း သူ  ၁၉၄  ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ 

 


အဆိုပါ  လွတ်မြောက်လာသူ များအား မိသားစုဝင်များ၊ သူငယ် ချင်းနှင့် မိတ်ဆွေများက ရင်းနှီး ပျော်ရွှင်စွာ    ကြိုဆိုကြကြောင်း သိရသည်။ 


သတင်းနှင့် ဓာတ်ပုံ - 
တင်ထွန်း(ပြန်/ဆက်)