ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန့်ဆွန်းထန် တီးတိန်မြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

တီးတိန်   နိုဝင်ဘာ   ၁၇


ချင်းပြည်နယ်       ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း   စစ်ဌာန ချုပ်   ဒုတိယတိုင်းမှူး  (ခေတ္တ-ဟားခါး)၊  ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ်အဆင့်    ဌာနဆိုင်ရာ များသည်   နိုဝင်ဘာ  ၁၆  ရက် နံနက်  ၁၁  နာရီက  တီးတိန်မြို့ အမှတ် (၂၆၉) ခြေလျင်တပ်ရင်း အစည်းအဝေးခန်းမ၌    ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊   မြို့မိ   မြို့ဖများ  ဘာသာရေး ခေါင်းဆောင်များ၊    ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံပွဲ    အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန့်ဆွန်းထန်က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ   အမှာစကားပြော ကြားပြီး   အနောက်မြောက်တိုင်း စစ်ဌာနချုပ်        ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်     မျိုးထွဋ်လှိုင်က နယ်မြေလုံခြုံရေး အခြေအနေများ ပြောကြားသည်။

 


ထို့နောက်           တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း က    တီးတိန်ခရိုင်  အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဦးစီးမှူးများက     ကဏ္ဍအလိုက် လိုအပ်ချက်များ   တင်ပြဆွေးနွေး ကြသည်။   ဆက်လက်၍  ဒေသခံ မြို့မိ မြို့ဖများနှင့် ဌာနဆိုင်ရာ  များက လိုအပ်ချက်များ  တင်ပြ ကြရာ  မြို့မိ  မြို့ဖ    ဦးကမ်းလျန်း က မဟာဓာတ်အားလိုင်းရရှိရေး၊ ခုတင်   ၁၀၀  ဆံ့  ပြည်သူ့ဆေးရုံ အား ခုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ပေးနိုင်ရေးများ   တင်ပြရာ ပြည်နယ်အဆင့် တာဝန်ရှိသူများ က   ပြန်လည်ဆွေးနွေးကြသည်။

 


ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ    ဝန်ထမ်းများအား အခြေခံ      စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။                              

မိုးမိုး