ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ကြီးမှူး၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

 

ရန်ကုန်   နိုဝင်ဘာ   ၁၇


ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)က ကြီးမှူးကျင်းပသည့် (၁၀၂)   နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့    အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး   အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မ လမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် (၁၀၂)  နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့      အခမ်းအနားသို့ တက်ရောက်   လာကြသူများက တို့ဗမာသီချင်းကို စုပေါင်းသီဆို၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူက   အောင် မောင်း ၂၇ ချက်တီးကာ အခမ်း အနားကို ဖွင့်လှစ်ပေးသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး       မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်း အမှတ်သဝဏ်လွှာကို  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း    (ဗဟို) ဒုတိယဥက္ကဋ္ဌက      ဖတ်ကြား သည်။

 


အမှာစကားပြောကြား


ယင်းနောက်     ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) ဥက္ကဋ္ဌ က   (၁၀၂)  နှစ်မြောက် အမျိုးသား အောင်ပွဲနေ့နှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားသည်။

 


ထို့နောက်    မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရတစ်ဦး၊   မဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ် တော်ရ    သုံးဦးနှင့်     မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သုံးဦးတို့အား  ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း    (ဗဟို)ဥက္ကဋ္ဌက မင်္ဂလာဆိုင်ရာ ဘွဲ့တံဆပ်တော် များကို ချီးမြှင့်ပေးအပ်သည်။

 


ယင်းနောက်   ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် သိန်း   ၅၀  နှင့်  အလှူရှင်များမှ လှူဒါန်းသည့်  အလှူငွေများကို တာဝန်ရှိသူများက     ပေးအပ် လှူဒါန်းကြရာ      ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း   (ဗဟို) ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

 


ဇာတိမာန်သီချင်း စုပေါင်းသီဆို


ထို့နောက်       အခမ်းအနား သို့ တက်ရောက်လာကြသူများက ဇာတိမာန်သီချင်း  စုပေါင်းသီဆို၍ အခမ်းအနားကို    ရုပ်သိမ်းလိုက်သည်။

 


အခမ်းအနားသို့ တိုင်းဒေသ ကြီးဝန်ကြီးများ      ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) နှင့် အလုပ်အမှုဆောင်များ၊ ဘာသာ ပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး (ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊       ဗုဒ္ဓ ဘာသာ   ကလျာဏယုဝအသင်း (ဗဟို)      တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ    တက် ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်