ရန်ကုန် နိုဝင်ဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာ ပတိအဖြစ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင် ရွက်တော်မူပြီး အခမ်းအနားမှူး အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထ အကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက်များ အနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက် ချက်အပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသက လည်း ကောင်း၊ သာသနာရေးရာဆောင် ရွက်ချက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်း ကောင်း၊ ပညာရေးရာ ဆောင်ရွက် ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရက လည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။
ယင်းနောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီတွင် ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အစည်း အဝေး ဒုတိယနေ့၊ ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ပြီး ဝိနိစ္ဆယ ရေးရာကိစ္စများ၊ ပညာရေးရာကိစ္စ များနှင့်စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်တော်မူကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထ အကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန် ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစန္ဒ က လည်းကောင်း၊ သာသနာ ရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒက လည်းကောင်း၊ ပညာ ရေးရာ ဆောင်ရွက်ချက်များကို သာသနတက္ကသီလ မဟာဓမ္မာ စရိယဘဒ္ဒန္တနန္ဒပါလက လည်း ကောင်း ပြန်ကြားလျှောက်ထား တော်မူကြသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထ အကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက်အစီရင် ခံစာကို တွဲဖက်အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာ ဓဇက အတည်ပြုချက်ရယူပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်း ကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမာနိတ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက စတုတ္တိံသတိမ (၃၄)ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတစ်နေ့တာ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်



