ရွှေကူမြို့နယ် စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်   နိုဝင်ဘာ    ၁၅
ကချင်ပြည်နယ်    ရွှေကူမြို့နယ် စီသော်ကျေးရွာအတွင်းရှိ နေအိမ် များအား   KIA  အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း   သိရသည်။
ဖြစ်စဉ်မှာ     ရွှေကူမြို့နယ် အတွင်း   လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်     လုံခြုံရေး တပ်ဖွဲ့ဝင်များသည်   နိုဝင်ဘာ ၁၃ ရက် မွန်းတည့်  ၁၂ နာရီခန့်တွင် စီသော်ကျေးရွာအနီးသို့ ရောက်ရှိ စဉ် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက် နက်ကြီး၊  လက်နက်ငယ်များဖြင့်   စတင်ပစ်ခတ်ခဲ့သဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များက       ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ      အကြမ်း ဖက်သမားများသည်   ကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘက်သို့      ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ ဆုတ်ခွာရာ  လမ်းတစ်လျှောက်ရှိ  နေအိမ်များအား မီးရှို့ဖျက်ဆီးသွား ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက   မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း  နေအိမ် ၁၅  လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်း ဖက်လုပ်ရပ်များကို  ကျူးလွန်ခဲ့သူ များကို  ဥပဒေနှင့်အညီ ထိရောက် စွာ   အရေးယူနိုင်ရေး  လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆက်လက်    ဆောင်ရွက်လျက်     ရှိကြောင်း သတင်းရရှိသည်။       သတင်းစဉ်