မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်၌ PDF အမည်ခံ အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ  ၁၅
နိုင်ငံတော်အတွင်း   တရားဥပဒေစိုးမိုးရေး၊   နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့်   အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ  ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများနှင့်  လုံခြုံရေး ဆိုင်ရာ  ကိစ္စရပ်များကို  နေ့ညမပြတ်  ဆောင်ရွက် လျက်ရှိသည်။


ထိုသို့     ဆောင်ရွက်လျက် ရှိစဉ်  နိုဝင်ဘာ   ၁၄  ရက် နံနက် ၅    နာရီ ခွဲခန့်တွင်   မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း      လုံခြုံရေး ဆောင်ရွက်နေသည့်   တပ်ဖွဲ့ဝင် များသည်    သတင်းအရ   ကဒါ ရဲကင်းစခန်း၏ အရှေ့ဘက်မီတာ ၃၀၀   ခန့်အကွာ၌  စောင့်ဆိုင်း နေစဉ် ချောင်းနှစ်ခွ  -  မုဒုံလမ်း အတိုင်း  မသင်္ကာဖွယ်အမျိုးသား  နှစ်ဦး      မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်  တစ်စီးအား  တားဆီးရပ်တန့်စေခဲ့ရာ ရပ်တန့် ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေး      တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့    အောက်ကျင်း ရပ်ကွက်   အမှတ်  (၁၀)  နေ ဉာဏ်ထက်ကို   (၂၁)  နှစ်နှင့် မော်လမြိုင်မြို့ ဘင်လှိုင်ရပ်ကွက်နေ စည်သူဖြိုး     (၂၂)   နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး       ၎င်းတို့ထံမှ PDF       အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့်     စာရွက် စာတမ်းများ၊ ၎င်းတို့ ကိုင်ဆောင် သည့်  ဖုန်းများအတွင်းမှ  PDF အကြမ်းဖက်သင်တန်း     တက် ရောက်ခဲ့သည့်   မှတ်တမ်းဓာတ်ပုံ များအား တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးရမိသူများအား ထပ်မံ စစ်ဆေး   မေးမြန်းချက်များအရ ၎င်းတို့နှင့်   ဆက်စပ်သည့်  PDF အမည်ခံ     အကြမ်းဖက်အဖွဲ့ဝင် များသည်   အကြမ်းဖက်လုပ်ရပ် များ      လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့      ဇေယျာသီရိ ရပ်ကွက် ဇေယျာ(၃)လမ်းရှိ အငှား တိုက်ခန်းတွင်    ရောက်ရှိလျက် ရှိကြောင်း   သိရှိရသည့်အတွက် လုံခြုံရေး      တပ်ဖွဲ့ဝင်များက စစ်ဆေးရန်     သွားရောက်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် အဆိုပါတိုက်ခန်း၏     အရှေ့သို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်နက်ငယ် များဖြင့်    စတင်ရမ်းသန်းပစ်ခတ် ခဲ့သဖြင့် မော်လမြိုင်မြို့ ဂွေးကုန်း ရပ်ကွက်နေ  ဦးကျော်မိုး(၃၁)နှစ် နှင့်    ဇေယျာသီရိရပ်ကွက်နေ ဦးဟိန်းကိုဦး     (၃၂)   နှစ်တို့တွင် လက်နက်ငယ်      ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ 
၎င်းနောက်  လုံခြုံရေးတပ်ဖွဲ့ ဝင်များသည်    PDF  အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်း လျက်ရှိသည့် အဆောက်အအုံအား ဝိုင်းပတ်ပိတ်ဆို့ထားရှိပြီး ဇေယျာ (၃)  လမ်းရှိ   လူနေအိမ်များမှ အပြစ်မဲ့ပြည်သူများ    ထိခိုက် ဒဏ်ရာရရှိမှု   မရှိစေရေးအတွက် ဘေးလွတ်ကင်းသည့်   နေရာသို့ ရွှေ့ပြောင်းမှုများ  ဆောင်ရွက်ပေး ခဲ့သည်။ 
ယင်းနောက်  လုံခြုံရေးတပ်ဖွဲ့ ဝင်များသည်   PDF   အမည်ခံ အကြမ်းဖက်    သမားများအား လက်နက်ချ  အညံ့ခံရန် ပြောဆို ခဲ့ရာ      လက်နက်ချခြင်းမရှိဘဲ လက်နက်ငယ်များ၊   လက်လုပ်ဗုံး များဖြင့်    ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍   ဝင်ရောက် ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၂၅ မိနစ် ခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများဖြစ်သည့် မော်လမြိုင် မြို့ လှိုင်ရပ်ကွက်နေ သန့်ဇင်လင်း (ခ)မျက်နှာမဲ  (၁၈)နှစ်၊  ကျိုက် မရောမြို့  ရှင်စောပုရပ်ကွက်နေ ဇော်ထက်အောင်(ခ) ဆံရှည် (၃၀)နှစ်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် နေ ကျော်သက်ဦး (၂၂)နှစ်၊  ဖြိုးကို အောင်(၂၃)နှစ်၊ ထက်အောင်(ခ)သခေါ(၂၀)နှစ်နှင့်   ရန်ကုန်တိုင်း ဒေသကြီး        လှည်းကူးမြို့နေ နှင်းကလျာ  (ခ) ပိုးလေး (၁၆)နှစ် တို့အား တူကီယဲနိုင်ငံထုတ် Zoraki  အမျိုးအစား  ပစ္စတိုသေနတ်  နှစ်လက်၊    ချက်စ်နိုင်ငံထုတ် CZ  အမျိုးအစား     ပစ္စတိုသေနတ် တစ်လက်၊  ၉  မမကျည်  ၅၂ တောင့်၊  ပစ္စတိုကျည်အိမ်  သုံးခု၊  ယမ်းဘူး ငါးဘူး၊ ဒေသန္တရလက်လုပ် မိုင်း  ကိုးလုံး၊  ပစ္စတို အပစ်လက် ကိုင်    တစ်ခု၊    လက်ကိုင်ဖုန်း သုံးလုံး၊   ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ      ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့်   ဖမ်းဆီးရမိ PDF အမည်ခံ အကြမ်းဖက်သမား  အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး  တစ်ဦးနှင့်  အပြစ်မဲ့ပြည်သူ အမျိုး သား   နှစ်ဦးတို့အား  နယ်မြေခံ တပ်မတော်ဆေးရုံသို့  ပို့ဆောင်၍ ဆေးကုသမှု      ခံယူစေလျက်ရှိ သည်။ အဆိုပါ ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူ    နှစ်ဦးအနက် ဦးဟိန်းကိုဦး     (၃၂)    နှစ်သည် ဆေးကုသမှု    ခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် ည ၈ နာရီခန့် တွင်   သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ   PDF  အမည်ခံ အကြမ်းဖက်သမားများအား ဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ဆက်စပ်သူများ ကို         အမြန်ဆုံးဖမ်းဆီးရမိရေး အတွက်    ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့     လျှို့ဝှက်စွာ   သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့/ရွာများ         အမြန်ဆုံးတည်ငြိမ် အေးချမ်းရေးအတွက်   ပြည်သူ တစ်ရပ်လုံး       ပူးပေါင်းပါဝင် ကြိုးပမ်း   ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း   သတင်း ရရှိသည်။                      သတင်းစဉ်